Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတိုက်ပွဲမှာ အထိနာနေတဲ့စစ်တပ် မံစီကဆေးရုံကို ဗုံးကြဲ

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

(ရွှေကူမြို့နယ်ထဲက ဧရာမြစ်ကမ်းဘေးရွာ​တွေကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ် လေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ )

သြဂုတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သြဂုတ်လ၂၈ရက် ည၁၁နာရီခန့်မှာ ဂျက်ဖိုက်တာနှစ်စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

“ဆေးရုံကိုတည့်တည့်ကြဲတာ။ဒီမှာကစစ်ဘေးရှောင်တွေပဲရှိတာ။လေကြောင်းသတိပေးချက်ကြိုပေးရလို့ ရှောင်ကြတိမ်းကြတယ်။ အထိခိုက်ရှိ၊မရှိသတင်းကို ဒီမနက်အထိ မကြားရသေးဘူး”လို့ မံစီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲမှုကြောင့် ဒေသခံတွေရဲ့အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်​တွေက ၂၀၂၅ ဇန်နဝါရီလမှာသိမ်းပိုက် ထိန်းချုပ်ထားတာပါ။လတ်တ​လော မံစီမြို့နယ်ထဲမှာတိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ဗုံးလာကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“တမင်သက်သက်အလွတ်ကြီးလာကြဲတာ။ကျမဆိုကံကောင်းလို့ မသေတာ။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားကြဲတာ”လို့ ရွှေကူမြို့ကနေ စစ်ရှောင်လာသူတဦးကပြောပါတယ်။

မံစီမြို့အနီး ရွှေကူမြို့မှာ စစ်တပ်စခန်းတွေနဲ့ ဧရာဝတီမြစ်ကြောင်းကနေတက်လာတဲ့စစ်သင်္ဘောတွေကို KIA နဲ့ KPDFကတိုက်ခိုက်နေပါတယ်။ရွှေကူမှာအထိနာလို့ မံစီကိုမဲပြီးဗုံးကြဲတာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းကနေ တက်လာတဲ့ စစ်စစ်သင်္ဘောတွေကိုKIA ၊KPDFနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်​ရေယာဥ်အချို့ပျက်စီးတာတွေရှိနေပါတယ်။

တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်လို့ အရပ်သားသေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒေသအများစုမှာဆေးရုံတွေ၊ကျောင်းတွေကိုလည်း ပစ်မှတ်ထား ဗုံးကြဲမှုတွေဆက်ရှ်ိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။