Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ဆေးရုံတစ်ခုမှာ အထူးကြပ်မတ်ကုသဆောင် မီးလောင်ပြီး လူနာ ၁၁ ဦးသေ

အိန္ဒိယ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - ANI

အိန္ဒိယ ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံအရှေ့ပိုင်း ဩရိသ ပြည်နယ်ထဲက ကတ်တက်မြို့ထဲမှာရှိတဲ့ SCB ဆေးကောလိပ် ဆေးရုံမှာ မတ်လ ၁၆ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ခဲ့တာပါ။

အသက်အန္တရာယ် စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာ ရထားတဲ့ လူနာတွေအတွက် အထူးကြပ်မတ် ကုသပေးတဲ့ အဆောင်မှာ ဝါယာရှော့ကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် မီးလောင်ခဲ့တာလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာ ချာရန် မက်ဂျ်ဟီးက ပြောကြားခဲ့ပါတယ်။

သေဆုံးသူ အားလုံးဟာ လူနာတွေချည်းပဲဖြစ်ပြီး သူတို့ကို ကူညီရွှေ့ပြောင်းပေးဖို့ ကြိုးစားခဲ့တဲ့ အစိုးရဆေးရုံ ဝန်ထမ်းတချို့လည်း မီးလောင်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လူနာတချို့ကိုတော့ ဆေးရုံထဲက တခြားလူနာဆောင်တွေဆီကို အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီဆေးရုံဟာ ဩရိသ ပြည်နယ်ထဲမှာ အကြီးဆုံး အစိုးရဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။ ဆေးရုံမှာ လောင်တဲ့မီးကို နာရီတချို့ အကြာမှာ ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေလည်း ဆက်လက် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယမှာတော့ ဆေးရုံ မီးလောင်မှု သတင်းတွေ မကြာခဏ ကြားရလေ့ရှိပြီး အဓိက အကြောင်းရင်းကတော့ ဝါယာရှော့ ဖြစ်မှုတွေကြောင့်ပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရာဂျက်စသန် ပြည်နယ်ထဲက ဆေးရုံတစ်ခုရဲ့ အထူးကြပ်မတ်ဆောင် မီးလောင်မှုကြောင့် လူနာ ၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တုန်းကလည်း နိုင်ငံမြောက်ပိုင်း၊ ဂျာဟန်ဆီမြို့က ဆေးရုံတစ်ခုမှာ မွေးကင်းစကလေး အထူးကြပ်မတ် ကုသဆောင် မီးလောင်လို့ ကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ကပ်ရောဂါ ကာလ ၂၀၂၁ ခုနှစ်မှာလည်း နိုင်ငံအနောက်ပိုင်း ဗီရာမြို့က ဆေးရုံမှာ မီးလောင်မှုဖြစ်လို့ ကိုဗစ်လူနာ ၁၃ ဦး ဖိတ်စဉ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဘန်ဒါရာက ဆေးရုံတစ်ခုမှာ မွေးကင်းစကလေး ဆေးရုံ မီးလောင်မှုကြောင့် ကလေး ၁၀ ဦး သေဆုံးခဲ့ပြန်ပါတယ်။ မီးလောင်မှု ဖြစ်စဉ် အားလုံးလိုလိုဟာ ဝါယာရှော့ကနေ အစပြုခဲ့ကြတာပါ။

ဆေးရုံတွေရဲ့ အရေးပေါ် ကြပ်မတ်ကုသဆောင်တွေဟာ အောက်စီဂျင်ပိုက်လိုင်းတွေ၊ အီလက်ထရောနစ် စက်ပစ္စည်းတွေ အများအပြား ထားရှိရတာကြောင့် မီးလောင်မှု တစ်ခုစတင်ဖြစ်ပွားရင် လျင်လျင်မြန်မြန် ပျံ့နှံ့ကူးစက်နိုင်ခြေ ပိုများပါတယ်။ ပြီးတော့ လူနာတွေကလည်း ကိုယ်တိုင် ရွှေ့ပြောင်းနိုင်စွမ်း မရှိတဲ့ အခြေအနေ ဖြစ်နေတော့ မီးလောင်မှုကြောင့် လူအသေအပျောက် ဖြစ်နိုင်ခြေလည်း ပိုမြင့်မားတတ်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။