Connect with us

Hi, what are you looking for?

သတင်း

နေပြည်​တော်မှာ ​ဆေးရုံထဲတောင်ကျ​ရေ ​စီးဝင်လာလို့လူနာတွေကိုအရေးပေါ်ရွှေ့ပြောင်းရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သြဂုတ်-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

ဇူလိုင်လ၃၁ရက်နေ့ည ၁၀နာရီခန့်မှာ ပုဗ္ဗသီရိမြို့နယ်၊ဆင်ဖြူရှင်ရပ်ကွက်၊ စွယ်တော်လမ်း၊ ရန်ကုန်(၁)လမ်း၊ ရန်ကုန်(၂)လမ်း၊ ရန်ကုန်(၃)လမ်းပတ်ဝန်းကျင်အပြင်အရိုးရောဂါအထူးကုဆေးရုံထဲကိုလည်း တောင်ကျရေတွေနဲ့ ရွှံ့နွံတွေ စီးဝင်လာတာလို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့မွန်းလွဲပိုင်းကစပြီး မိုးကြီးခဲ့ပြီးတဲ့နောက် ဂွေ့ကြီးချောင်းနဲ့ဆင်သေချောင်း ရေလျှံတာကနေ ရေဘေးရုတ်တရက်ကြုံတွေ့တာလို့ လူမှုကူညီ ရေးအဖွဲ့တွေကတွေကပြောပါတယ်။ သြဂုတ်လ ၁ ရက် မနက်၂နာရီခန့်မှာရေပြန်ကျသွားပြီး ရုတ်တရက်ကြုံတွေ့ရတဲ့အဲ့ဒီရေ ဘေးကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် ဆေးရုံနဲ့လူ နေရပ်ကွက်တွေထဲမှာရွှံ့နွံတွေကျန်ခဲ့လို့ အပျက်အစီးများတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာလည်း ရေကာတာ ကျိုးပေါက်ပြီး ရေဘေးကြုံတွေ့နေသလို ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့မှာလည်း မယ်ဆိုင်ချောင်းရေလျှံပြီး မြေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပါတယ်။ဇူလိုင်လကုန်ရက်ပိုင်းကလည်းရန်ကုန် မြို့မှာ မိုးများပြီး လျှက်တပြက်ရေကြီးလို့ ရေဘေးကြုံတွေ့ခဲ့ကြရပါတယ်။

စစ်ကောင်စီမှာ သဘာဝ ဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ အရေးပေါ်တုံ့ပြန်မှု အစီအစဉ်တွေ လုံးဝမရှိဘဲ ဘေးအန္တရာယ်ကိုရင်ဆိုင်နေရတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေနဲ့ဒေသခံတွေကဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။