Connect with us

Hi, what are you looking for?

သတင်း

MNDAA နဲ့ TNLA အပစ်ရပ်သ​ဘောတူ၊ ကွတ်ခိုင်မြို့ကို MNDAA ကထိန်းချုပ်မယ်

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People’s Spring ကို​ပြောပါတယ်။

ညီ​​နောင်မဟာမိတ်သုံး​​ဖော်မှ တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-AA Info desk

မတ်-၂၁၊၂၀၂၆။/People’s Spring

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People’s Spring ကို​ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှုကတော့ မနေ့ကပြီးသွားပြီဖြစ်တယ်။ ဒီကနေ့မှာတော့ သွားရောက်တွေ့ဆုံတဲ့ ကိုယ်စားလှယ်တွေလည်းပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဆွေးနွေးမှုနဲ့ပတ်သက်ပြီးမှကျွန်အတို့ နှစ်ဖက်တပ်တွေ အပစ်ရပ်နိုင်ခဲ့ပြီဖြစ်တယ်။ နောက်နောင်ဒီလိုမျိုးတဖက်နဲ့တဖက် ပြဿနာတွေမကြီးထွားအောင်ထိန်းသိမ်းဆောင်ရွက်ဖို့ သဘောတူတာတွေရှိတယ်”လို့ လွေးယေဦးက ပြောပါတယ်။

ဒါအပြင် နှစ်ဖက်တပ်တွေလည်း နေရာချနိုင်ခဲ့တာရှိတယ်လို့လည်းဆိုပါတယ်။ တဖက်မှာလည်းနှစ်ဖက်တပ်တွေ မဟာမိတ်အဖြစ်ဆက်သဘောတူတာလည်း ရှိတယ်လို့ လွေးယေဦးကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နောက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရဲဘော်တွေကိုပြန်လွှတ်ပေးဖို့သဘောတူတာလည်းရှိပါတယ်”လို့ ဆက်ပြောပါတယ်။

ကောလာဟလသတင်းတွေထွက်နေတဲ့ TNLAထိန်းချုပ် မြို့သုံးမြို့ကို MNDAAထံ ပေးအပ်ရတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့လည်း TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက ပြောပါတယ်။

ဒါပေမယ့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကွတ်ခိုင်မြို့ကိုတော့MNDAAကထိန်းချုပ်မယ့် သဘောရှိတယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

“တခြားမြို့တွေကတော့အဲလို သဘောတူထားတာ မရှိပါဘူး”လို့လည်း ဆက်ပြောပါတယ်။

TNLAနဲ့ MNDAAတပ် တာဝန်ရှိသူတွေဟာ မတ်လ ၁၇ရက်၊၁၈ရက်နဲ့ ၂၀ရက် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ လွေးယေဦးက ပြောပါတယ်။

TNLA နဲ့ MNDAAထိပ်ပိုင်းတာဝန်ရှိသူတွေဟာ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးတာ ဖြစ်ပါတယ်။

မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA နဲ့ MNDAAတို့ဟာ မတ်လ ၁၆ရက်အထိ ကွတ်ခိုင်မြို့အပြင်ဘက်နဲ့ နန့်ခမ်းမြို့ (၁၂)ကုန်းကြားမှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်ခဲ့တယ်လို့ လွေးယေဦးက ပြောထားပါတယ်။ ဒါ့အပြင်TNLA တပ်ဖွဲ့ဝင် ၁၀၀ကျော်ဖမ်းဆီးခံထားရတယ်လို့ လွေးယေဦးက လူထုနွေဦးကို ပြောပါတယ်။

၂၀၂၆ဖေဖော်ဝါရီလဆန်းမှာ TNLAကကွတ်ခိုင်မြို့မှာ MNDAA တပ်ဆင်ထားတဲ့ CCTV ​တွေကိုဖယ်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တင်းမာမှုပိုမိုဆိုးရွားလာပြီး မတ်လ ၁၄ ရက်နေ့မှာတော့ MNDAAတပ်တွေကို TNLAစခန်းတွေကိုထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြို့ကိုပါထိန်းချုပ်ထားတာဖြစ်ပါတယ်။

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းမဟာမိတ် ညီ​နောင်သုံး​ဖော်ဟာ ဆယ်စုနှစ် ၂ ခုနီးပါကြာ မဟာမိတ်​တွေဖြစ်သလို ၂၀၂၃ ​​အောက်တိုဘာ ၂၇ မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ဒါဇင်​နဲ့ချီပြီး ​နွေဦး​​တော်လှန်​ရေးမှာ​​ပေါ်လာတဲ့ မဟာမိတ်တပ်​တွေနဲ့အတူ ပူး​ပေါင်းထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။