Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ နေအိမ်မီးရှို့နေတဲ့ စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာ သေဆုံးသူနဲ့ ဖမ်းမိသူတွေရှိတယ်လို့ BLDF ပြော

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ နေအိမ်တွေ မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ သေဆုံးသူတွေနဲ့ ဖမ်းမိသူတွေရှိတယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်ကို တိုက်ခိုက်တဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ရဲဘော်တွေကို တွေ့ရစဉ်။ဓာတ်ပုံ - BLDF

မတ်-၂၄၊ ၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ နေအိမ်တွေ မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ သေဆုံးသူတွေနဲ့ ဖမ်းမိသူတွေရှိတယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ချောင်းဦးမြို့ကနေ အင်အား ၂၀၀လောက်နဲ့ ပျူစောထီးအားကောင်းတဲ့ ကင်မွန်းတော်ကျေးရွာကို မတ်လ ၂၀ ရက်မှာ စစ်တပ်က ရိက္ခာပို့ဖို့ ထွက်လာတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ကနဦး မိုင်းဆွဲတိုက်ခိုက်ခဲ့တာအပြင် ကင်မွန်းတော်နဲ့ ချောင်းဦးမြို့ကြားမှာရှိတဲ့ ရှမ်းထူးကျေးရွာက နေအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ရှမ်းထူးရွာထဲအထိုင်ချထားခဲ့တဲ့ စစ်တပ် အင်အားက ၄၀ ၅၀ လောက် ရှိတယ်။တိုက်ပွဲမှာ ကိုးယောက်လောက်သေဆုံးပြီး သုံးယောက်ဝန်းကျင်ဒဏ်ရာရတယ်။တစ်ဦးမိတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်ဒေသ(၃)၊ မုံရွာခရိုင်ပကဖ(ရေနဂါးစစ်ကြောင်း)၊ချောင်းဦးမြို့နယ် ပကဖ(CHU PDF) ၊နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှုကနေ ဖမ်းမိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေကို ချောင်းဦးမြို့နယ် ပကဖအဖွဲ့ဆီ လွှဲပြောင်း ပေးထားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၄၇၀ ရှိတဲ့ ရှမ်းထူးရွာမှာ စစ်တပ်မီးရှို့ဖျက်ဆီးလို့ နေအိမ် ၁၅၀ထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းက ချောင်းဦးမြို့ပေါ် ကို ပြန်ရောက်သွားပေမယ့် လက်နက်ကြီး နဲ့ ပစ်ခတ်မှုတွေ ရှိတာကြောင့် ဂရုစိုက်ကြဖို့လည်း BLDF က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။