ဧပြီ-၇၊၂၀၂၆။People’s Spring
တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီ ၅ ရက်နေ့က ထိုင်းရဲ့ အမှတ် ၆ အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့ဟာ တိုင်ကြားချက်တွေအရ ကန်ချနာဘူရီ ပြည်နယ်ရဲ့ မွမ်ခရိုင်၊ ပက်ခ်ဖရာရက်ခ်မှာ ရှိနေတဲ့ အိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်း ရှာ
ဖွေခဲ့ပါတယ်။အိမ်တစ်လုံးမှာတရားမဝင် ရွှေ့
ပြောင်း အခြေချ နိုင်ငံခြားသားတွေ အများအပြား စုဝေးပြီးပုန်းအောင်းနေတယ်ဆိုတဲ့တိုင်ကြားချက်တွေကိုလက်ခံရရှိခဲ့လို့အခုစစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တာလို့ ရဲတွေကပြောပါတယ်။
ရဲတွေနဲ့အတူ လူဝင်မှု ကြီးကြပ်ရေး၊လုံခြုံရေး၊ စစ်ထောက်လှမ်းရေး ဌာနတွေရဲ့ အရာရှိတွေပါ အဲဒီ စီးနင်းမှုမှာ ပါဝင်ခဲ့ကြပါတယ်။

Public Service Announcement
အိမ်ထဲမှာတော့ နိုင်ငံခြားသား ၃၅ ဦးကို ရှာတွေ့ခဲ့ပြီး တစ်ယောက်မှထိုင်းလိုမပြောတတ်သလို ဘယ်သူကမှလည်းတရားဝင်စာရွက်စာတမ်း အထောက်
အထားတွေ မပြသနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အိမ်ကိုထိန်းသိမ်းထားသူ အသက် ၄၅ နှစ်အရွယ် ဦးမင်းဦးကအဲဒီအဖွဲ့ဟာဧပြီ ၃ ရက်မှာ ဘန်
ကောက်ကို ရောက်လာပြီး မလေးရှားဆီ ခရီးဆက်ဖို့ ရည်ရွယ်ထားကြောင်း ရဲတွေဆီ ဝန်ခံခဲ့ပါတယ်။ Bangkok Post သတင်းစာကတော့ ဦးမင်းဦးကို ဒေသခံ တစ်ဦးလို့ ဖော်ပြထားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဦးမင်းဦးဟာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေကို လက်ခံထားမှု၊ တခြားသူတွေကတော့ တရားမဝင် ဝင်ရောက်လာမှုတွေအတွက် အသီးသီး စွဲချက်တင်ခံရမယ်လို့လည်း သိရပါတယ်။
ကိုးကား- Bangkok Post
ဓါတ်ပုံ-Bankok Pos



















































