Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေယာဉ်ပေါ် ခိုးမှု ကျူးလွန်ခဲ့တဲ့ တရုတ်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

လေယာဉ်ပေါ်မှာ ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty/File

လေယာဉ်ပေါ်မှာ ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အသက် ၅၇ နှစ်အရွယ် ကျန်ရှုဘိုဟာ ဧပြီ ၁၃ ရက်တုန်းက ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ စောင့်ဆိုင်းနေတဲ့ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ လာအိုနိုင်ငံရဲ့ ဗီယန်ကျန်း မြို့တော်ကနေ ဘန်ကောက်ဆီ ပျံသန်းလာတဲ့ ခရီးစဉ် အတောအတွင်း တစ်နိုင်ငံတည်းသားတွေဆီက ငွေကြေး ခိုးယူခဲ့ကြောင်း စွပ်စွဲ ခံခဲ့ရပါတယ်။

ကျန်ဟာ ထိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် TG571မှာ စီးနင်းလိုက်ပါလာရင်း တရုတ်နိုင်ငံသား ၃ ဦးဆီက စုစုပေါင်း ဘတ် ၆၅၀၀၀ လောက် တန်ဖိုးရှိတဲ့ ငွေကြေးယူနစ် အမျိုးမျိုးကို ခိုးယူခဲ့တယ်လို့ ယုံကြည်ရကြောင်း ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ရဲဌာန ကော်မရှင်နာ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဆက်ခ်ဆီရာ ဖူယက်ခ်ကမ်က ပြောကြားခဲ့ပါတယ်။

တရုတ် ခရီးသည် တစ်ဦးဖြစ်တဲ့ ယုယူကျင်းက ငွေကြေးတွေ ပျောက်ဆုံးနေတဲ့ အကြောင်းကို လေကြောင်းလိုင်း ဝန်ထမ်းတွေဆီ စတင် တိုင်ကြားခဲ့ပါတယ်။ လေယာဉ်မောင်၊ လေယာဉ်မယ်တွေက ကျန်ဟာ ခရီးသည်ထိုင်ခုံ အပေါ်ဖက် ပစ္စည်းထည့်တဲ့ အကန့်တွေထဲက ပိုက်ဆံအိတ်တွေကို ယူငင်နေတာ သတိထားမိခဲ့ကြောင်း ရဲတွေဆီက အသိပေး တိုင်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက သံသယရှိသူကို ရှာဖွေကြည့်တဲ့ အခါမှာတော့ ပျောက်ဆုံးနေတဲ့ ငွေသားတွေကို တစ်ပါတည်း အတူတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ကို သုဝဏ္ဏဘူမိ လေဆိပ် ရဲစခန်းဆီ ပို့ဆောင်ခဲ့ပြီး ခိုးမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ အမှုနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့လည်း ရဲတွေက ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လေဆာ အမွေးရိတ်စက် တစ်ခုကို ဗုံးလို့ သံသယရှိရာက ဩစတြေးလျမှာ လေဆိပ်တစ်ခု ယာယီပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကိုပါ ခေါ်ယူခဲ့ရပါတယ်။

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။