Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖူးခက်မှာအကူအညီတောင်းတဲ့ နိုင်ငံခြားသူကို မုဒိမ်းကျင့်တဲ့ထိုင်းယာဉ်မောင်း အဖမ်းခံရ

အကူအညီ တောင်းခဲ့တဲ့ နိုင်ငံခြားသူကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုအတွက် ဖူးခက်မှာ ယာဉ်
မောင်း တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဧပြီ-၇၊၂၀၂၆။People’s Spring

အကူအညီ တောင်းခဲ့တဲ့ နိုင်ငံခြားသူကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုအတွက် ဖူးခက်မှာ ယာဉ်
မောင်း တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သူငယ်ချင်းကို ရှာဖို့အတွက်အင်တာနက်ကွန်ယက် မျှဝေပေးဖို့ အကူအညီ တောင်းခဲ့တဲ့ ယူကရိန်း အမျိုးသမီးကို အသက် ၄၃ နှစ်အရွယ် ဗင်ကားယာဉ်မောင်းကလိင်ပိုင်းဆိုင်ရာ စော်ကား အနိုင်ကျင့်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

ဧပြီ ၆ ရက်နေ့မှာ ရဲတွေက ဆူကန်လို့သာ နာမည် တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ အမျိုးသားကို စနူကာ ကလပ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူကလည်း ချဉ်းကပ် အကူအညီ တောင်းခဲ့တဲ့ ယူကရိန်း အမျိုးသမီးကို ဗင်ကားဆီ လိုက်လာဖို့ သွေးဆောင် ခေါ်ယူပြီး မုဒိမ်းကျင့်ခဲ့ကြောင်း၊ အဲ့ဒီနောက်အမျိုးသမီး တည်းခိုရာ နေရာဆီ ပြန်ပို့ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကျူးလွန်ခံရသူ အမျိုးသမီးက ဧပြီ ၆ ရက် မနက်အစောပိုင်းမှာ ရဲတွေဆီ ဆက်သွယ် တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ သူက မိုဘိုင်းappကနေတဆင့် တက္ကစီငှားပြီး သူငယ်ချင်း တစ်ဦးနဲ့ ချိန်းဆိုထားတဲ့ နေရာကို သွားခဲ့ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ သူငယ်ချင်းဖြစ်သူကို မတွေ့တဲ့အခါ အမျိုးသမီးက အင်တာနက်ကနေ ဆက်သွယ်နိုင်ဖို့အတွက် အကူအညီပေးမယ့်သူ တစ်ယောက်ယောက်ကို လိုက်ရှာရင်း ဗင်ကားမောင်းတဲ့သူနဲ့ တွေ့သွားခဲ့ပါတယ်။

သူက မနက်အစောပိုင်း ၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ ချဉ်းကပ်လာတဲ့ အမျိုးသမီးကို ချာလောင်ဖရာကက် လမ်းပေါ်က အိမ်ရာတစ်ခုရှေ့မှာ မုဒိမ်းကျင့်ခဲ့ကြောင်း ဝန်ခံထားပါတယ်။

အမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့လည်း ရဲတွေက ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်ပေါ်မှာ ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ ကားတစ်စီးရဲ့ မြန်မာယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

သတင်း

ရပ်ထားတဲ့ ကားအစီး ၂၀ နီးပါးလောက်ကို ဖျက်ဆီးခဲ့တဲ့အတွက် မြန်မာ အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။