Connect with us

Hi, what are you looking for?

သတင်း

ကြယ်ပြောင်းစခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ကရင်ပြည်နယ်​၊ မယ်သဝေါ ဒေသက စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ခြေကုတ်စခန်းကုန်းသိမ်းတိုက်ပွဲမှာ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF)က ဒီနေ့ (ဧပြီ ၁၄ ရက်မှာ) အသိပေးထုတ်ပြန်ပါတယ်။

ဧပြီ – ၁၄ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်​၊ မယ်သဝေါ ဒေသက စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ခြေကုတ်စခန်းကုန်းသိမ်းတိုက်ပွဲမှာ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF)က ဒီနေ့ (ဧပြီ ၁၄ ရက်မှာ) အသိပေးထုတ်ပြန်ပါတယ်။

ထိုင်း – မြန်မာနယ်စပ်မျဉ်းအနီးက ကြယ်ပြောင် စခန်းကို မနေ့ (ဧပြီ ၁၃ ရက်) မနက်ပိုင်းက KNU တပ်မဟာ (၇) နဲ့ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းယူခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ABSDF ဗဟိုဌာနချုပ် ၊ ဒေါင်းတမန်စခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး ။လက်နက်ငယ်တွေ၊ မိုင်းတွေ၊ ခဲယမ်းကျည်ဆံ ဗုံးသီးအများအပြားနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံမှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုကိုတော့ မဖော်ပြထားပါဘူး။

ကြယ်ပြောင်ကုန်းစခန်းဟာ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ-မယ်သဝေါကားလမ်းအနီးက ပွိုင့်-၉၆၂ စခန်းရဲ့ ကာကင်းစခန်းတစ်ခုပါ။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)လက်အောက်ခံ လှိုင်းဘွဲမြို့နယ်အခြေစိုက် ခလရ(၂၈)တပ်ရင်းရဲ့ ရှေ့တန်းစခန်းတစ်ခုလည်း ဖြစ်ပါတယ်။

မနေ့က စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့သေးတယ်လို့ KNU စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ – ABSDF

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook