ဧပြီ ၁၄၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းမှာ ၅/ဆလက လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး တော်လှန်ပြည်သူတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ် Free All Political Prisoners” ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး စစ်အာဏာရှင် ကျရှုံးရေးနဲ့ နိုင်ကျဉ်းတွေ လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြတာပါ။

Public Service Announcement
မကွေးတိုင်း ငဖဲမြို့နယ် မြစ်ဖျားကျေးရွာမှာလည်း “စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြန်သမ္မတ ပုန်ကန်ကြ” ဆိုတဲ့ စာသားအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ စာသားတွေကို လိုက်လံကပ်ခဲ့တယ်လို့ Chin Defence Force Asho က ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး နဲ့ အနီးဝန်းကျင်မှာ အဆိုပါ စာတွေ လိုက်လံကပ်ခဲ့ကြောင်း Chin Defence Force Asho က ဖော်ပြခဲ့ပါတယ်။
“စစ်အာဏာရှင် အကြမ်းဖက် ဟန်ပြသမ္မတ ပုန်ကန်ကြ”၊ “မတရား ဖမ်းဆီးခံရသူများ မလွတ်မြောက်သေးဘူး”၊ “ကိုယ့်အသိုက်ပြိုမှ ဝမ်းနည်းရမှာမဟုတ်ဘူး တစ်နိုင်ငံလုံးက ငှက်အသိုက်တွေ ပြိုနေတာကို စာနာပေးပါ” ၊ “ပေါ်တာဆွဲတာကို ငွေ (၃) သောင်း ပေးပြီး ရှောင်နေရတဲ့ ခေတ်ကို မမေ့သွားကြေး” အစရှိတဲ့ စာသားတွေကို လိုက်လံ ကပ်ခဲ့တာပါ။
ဓာတ်ပုံ – ၅/ဆလက လူထုသပိတ်၊ Chin Defence Force Asho


















































