Connect with us

Hi, what are you looking for?

သတင်း

TNLA က အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့အစိုးရကို ဂုဏ်ပြု​ကြောင်းသဝဏ်လွှာပို့

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်
လှိုင်ရဲ့ အစိုးရကိုကြိုဆို​ကြောင်း ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်(PSLF/TNLA) ကဒီက​နေ့ ဂုဏ်ပြုသဝဏ်လွှာ​ပေးပို့ပါတယ် ။

■စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ကိုခုခံ​တော်လှန်​နေတဲ့​ တော်လှန်​ရေးတပ်ဖွဲ့​တွေထဲ ပထမဆုံး ဂုဏ်ပြုသဝဏ်လွှာပို့တဲ့ အဖွဲ့ဖြစ်လာ

ဧပြီ-၁၅၊၂၀၂၆။​နေ့သစ်/People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ရဲ့ အစိုးရကိုကြိုဆို​ကြောင်း ပ​လောင်ပြည်နယ်လွတ်​မြောက်​ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော်(PSLF/TNLA) ကဒီက​နေ့ ဂုဏ်ပြုသဝဏ်လွှာ​ပေးပို့ပါတယ် ။

ဒါ​ကြောင့် စစ်တပ်အာဏာသိမ်းပြီး​နောက် ခုခံ​တော်လှန်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့​တွေထဲမှာ အာဏာသိမ်း​ခေါင်း​ဆောင်ကို အစိုးရသစ်ဖွဲ့နိုင်တယ်ဆိုပြီး ဂုဏ်ပြုတာဟာ TNLA ကပထမဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲဖြစ်လာပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် TNLA က စစ်တပ် ၊ မင်း​အောင်လှိုင် ရဲ့အစိုးရ​တွေနဲ့အတူ အပစ်အခတ်ရပ်စဲ​ရေးကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံ​ရေးပြသာနာများကို နိုင်ငံ​ရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ​ဆွေး​​နွေးအ​ဖြေရှာနိုင်ရန်​မျှော်လင့်ထားတယ်လို့လည်း​ဖော်ပြထားပါတယ် ။ TNLA ထုတ်သဝဏ်လွှာမှာ အာ​ဏာသိမ်း စစ်အုပ်စုကို
“မြန်မာ့တပ်မ​တော်” ၊ အာဏာသိမ်း​ခေါင်း​ဆောင်ကို “နိုင်ငံ​တော် သမ္မတဦးမင်း​အောင်လှိုင် ၏ မြန်မာအစိုးရသစ်” ဆိုပြီး ​​ရေးသား သုံးနှုန်းထားတာကို​တွေ့ရပါတယ် ။

အခုသဝဏ်လွှာနဲ့ပတ်သက်ပြီး TNLA ရဲ့​ပြော​ရေးဆိုခွင့်ရှိသူ ​လွေး​ယေဦးကို ဆက်သွယ်​မေးမြန်းနိုင်ဖို့ People’s Spring ကြိုးစား​နေပါတယ် ။

ပြည်သူ​တွေက​တော့ TNLA က အာဏာသိမ်း​ခေါင်း​ဆောင်ကိုအခုလိုဂုဏ်ပြုသဝဏ်လွှာ​ပေါ်တဲ့အ​ပေါ် အပြင်းအထန်​ဝေဖန်​နေကြပါတယ် ။

“အသက်ပေးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုမ
မထောက်” လို့ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။

“အထင်ကြီးခဲ့သမျှ အလကားဖြစ်ကုန်ပြီ TNLA” လို့ပြည်သူတဦးကလည်း ​ပြောပါတယ်။

အခြားပြည်သူတဦးကလည်း “တရုတ်ဖိအားကြောင့်ပါ ၊လေယာဉ်နဲ့ဗုံးကြဲမှာကြောက်လို့ပါ၊
အကြွေးတွေအများကြီးတင်နေလို့ပါစတဲ့ဆင်
ခြေတွေ တွေ့ရဖို့ရှိတယ်”လို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်​တော်​တွေက သမ္မတရာထူးခန့်အပ်တဲ့အပေါ် ၀တပ် UWSA ၊ မိုင်းလားတပ် NDAA နဲ့ နာဂတပ် NSCN-K(အန်းမိုင်) အဖွဲ့တို့ပဲ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးခဲ့ကြပါတယ်။ အဲအဖွဲ့​တွေကစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ကို ခုခံတိုက်ခိုက်တာမရှိပါဘူး ။

အခြား​တော်လှန်​ရေးတပ်ဖွဲ့​တွေသဝဏ်လွှာပို့ အသိအမှတ်ပြုတာမရှိပဲ ဧပြီ ၁၅ ရက်မှာမှ TNLA ကအခုလို ဂုဏ်ပြု​ကြောင်းသဝဏ်လွှာပို့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဓိကတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ KNPP ၊CNF တို့က စစ်အာဏာရှင်စနစ် အပြီးသတ်ဖယ်ရှားနိုင်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးဖက်ဒရယ်ဦးဆောင်ကောင်စီတရပ်ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်(AA) ၊ မွန်တော်လှန်ရေးတပ် ၊ ချင်းတော်လျန်ရေးတပ်တွေကလည်း စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဆင်နွှဲနေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ကိုးကန့်တပ်မတော်(MNDAA) တို့က စစ်ကောင်စီကို ဂုဏ်ပြုတာမရှိသေးသလို စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ကလည်း မင်းအောင်လှိုင်သမ္မတရာထူးယူတဲ့အပေါ် ဂုဏ်ပြုတာ မလုပ်ကြပါဘူး ။

​နွေဦး​တော်လှန်​ရေးမှာ​ပေါ်လာတဲ့ ​တော်လှန်​ရေးအဖွဲ့​တွေ စုစည်းထားတဲ့ SRA ကလည်း အခြား​တော်လှန်​ရေးတပ်​တွေနဲ့​ပေါင်းပြီး စစ်တပ်ကိုဆက်လက်ခုခံ​တော်လှန်​နေတာ​တွေ့ရပါတယ်။

TNLA ဟာ ညီ​နောင်မဟာမိတ် ​တွေနဲ့အတူ ၂၀၂၄ ​အောက်တိုဘာလကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်​ရေးမှာစစ်တပ်စခန်း ၊တပ်ရင်း ၊တပ်ရင်းဌာနချုပ်​ပေါင်းများစွာမြို့ ဆယ်မြို့​ကျော်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ဒါ​ပေမယ့် စစ်တပ်င ၂၀၂၅ နှစ်ဆန်းကစပြီး ​​နောင်ကို တန်ပြန်ထိုးစစ်ဆင်လာပြီး​နောက်ပိုင်း နောင်ချို ၊​ သီ​ပေါ ၊ကျောက်မဲမြို့​တွေကိုပြန်လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။တရုတ်ကြားဝင်မှုနဲ့စစ်တပ်နဲ့ အပစ်ရပ်​ဆွေး​နွေးပြီး​တော့ မိုးကုတ် နဲ့ မိုးမိတ်မြို့​တွေကိုလည်းကျည်တစ်ချက်မ​ဖောက်ပဲပြန်လက်လွှဲ​ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ​တော့ ညီ​နောင်မဟာမိတ်အချင်းချင်း ပဋိပက္ခဖြစ်ရာမှ MNDAA က ကွတ်ခိုင်မြို့က TNLA စခန်း​တွေအားလုံးကို ထိုးစစ်ဆင်သိမ်းပိုက်ပြီး​ နှစ်ဖက်​ခေါင်း​ဆောင်​တွေ​ဆွေး​နွေးပြီး​တော့ ကွတ်ခိုင်မြို့နယ်က​နေလည်း TNLA ကဆုတ်ခွာ​ပေးခဲ့ပါတယ် ။

ပြည်သူ များစွာမဲမ​ပေးတဲ့ စစ်တပ်ရဲ့ ၂၀၂၅ ​ရွေး​ကောက်ပွဲကို နိုင်ငံတကာ​ရွေး​ကောက်ပွဲ ​လေ့လာ​စောင့်ကြည့်တဲ့အဖွဲ့​တွေ ၊ လူ့အခွင့်အ​ရေးအဖွဲ့​တွေ ၊ကုလအပါအဝင် ဒီမိုက​ရေစီနိုင်ငံ​တွေကအသိအမှတ်မပြုကြပါဘူး။ ဒါ​ကြောင့်စစ်တပ်လွှတ်​တော်က​ရွေး​ကောက်တင်​မြှောက်တဲ့ စစ်အစိုးရ
ကိုလည်း တရုတ် ၊ရုရှား ၊ဘီလာရုဇ် အပါအဝင် အာဏာရှင်နိုင်ငံအချို့ကပဲအသိအမှတ်ပြုပြီးနိုင်ငံတကာက အသိအမှတ်မပြုကြပါဘူး။ဒါ​ကြောင့်အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ အစိုးရဟာပြည်တွင်းပြည်ပ အသိအမှတ်ပြုမှုရဖို့ရုန်းကန်​နေရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။