Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်က သတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်းလေးလောင်းဟာ နာဂPDF ရဲဘော်တစ်ဦးနဲ့ ရခိုင် သုံးဦးလို့ ဒေသခံပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အမျိုးသားလေးဦးဟာ နာဂPDF ရဲဘော်တစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားသုံးဦးဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

(မရှီကထောင်လမ်းဆုံမှာ စစ်တပ်က သတ်ပြီး စွန့်ပစ်ထားတဲ့ အမျိုးသား ၄ဦး ရုပ်အလောင်း။ ဓာတ်ပုံ - CJ)

ဧပြီ ၁၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အမျိုးသားလေးဦးဟာ နာဂPDF ရဲဘော်တစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားသုံးဦးဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

မရှီကထောင်နဲ့ စည်ပင်လမ်းဆုံ၊ ရွှေမြန်မာဆီဆိုင်အနီးမှာ သေနတ်ဒဏ်ရာတွေ၊ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ရုပ်အလောင်း လေးလောင်းကို ဧပြီ ၁၅ရက် နေ့လယ်မှာ စစ်တပ်က ကားနဲ့ လာစွန့်ပစ်သွားတာပါ။

ဒေသခံတွေက ရုပ်အလောင်းတွေကို ကောက်ယူပြီး သက်ဆိုင်တဲ့မိသားစုဝင်တွေနဲ့အတူ စစ်ဆေးတဲ့အခါ နာဂပြည်သူ့ကာကွယ်ရေးတပ်(NPDF) ရဲဘော်တစ်ဦးနဲ့ ဖားကန့်မှာ ကျောက်လာတူးတဲ့ ရခိုင်တိုင်းရင်းသားသုံးဦးဖြစ်တယ်လို့ အတည်ပြုနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လေးယောက်စလုံးက ပျောက်နေတာနည်းနည်းကြာပြီ။ စစ်ကြောရေးမှာ သတ်ပစ်တာဖြစ်မယ်။ သေနတ်ဒဏ်ရာတွေရော၊ ကျိုးပဲ့ဒဏ်ရာတွေရော၊ ပတ်တီးစည်းထားတာ‌တွေရော။ တော်တော် ရုပ်ပျက်ဆင်းပျက်‌ဖြစ်တာ။ တော်တော် ကြောက်စရာကောင်းတဲ့ လုပ်ရပ်ပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

NPDFရဲဘော်ရဲ့ အမည်ကို အတည်မပြုနိုင်သေးပေမယ့် ကျန် ၃ဦးက ကိုစိန်ကျော်ဌေး၊ ကိုမင်းပိုင်စိုး နဲ့ ကိုကျော်လင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

” အကုန်လုံး အသက် ၂၀ ကျော်လူငယ်တွေ။ သနားစရာကောင်းတယ်။နှမြောစရာကောင်းတယ်”လို့ KPDF ရဲဘော်တစ်ဦးက ပြောပါတယ်။

NPDFရဲဘော်နဲ့ပတ်သက်လို့ NPDFထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစပြီး တိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး စစ်ကောင်စီ‌ဗျူဟာကုန်းအနီးက ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူခဲ့ပါတယ်။

ဒါပေမယ့် KIA၊KPDFထိန်းချုပ်ထားတဲ့ မရှီကထောင်ဆုတောင်းကုန်းကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အားထောင်ချီသုံးပြီးတိုက်ခိုက်ပြီး ဧပြီ ၁၃ရက်မှာ ပြန်သိမ်းယူထားပါတယ်။စစ်တပ်နဲ့ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကိုဦးတည်ပြီး စစ်ကြောင်းဆက်ထိုးလာလို့ ဒေသခံတွေရဲ့ လုံခြုံရေးကို KIA၊KPDFက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။