Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်မြို့ မောတောင်မြို့ကို စစ်တပ်ထပ်မံဗုံးကြဲလို့ ဇနီးမောင်နှံ ၂ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

(စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ သေဆုံးခဲ့ရတဲ့ အရပ်သားဇနီးမောင်နှံ ၂ဦး။ ဓာတ်ပုံ - KNU)

◾️စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာကလက်တွေ့ကျကျ တားဆီးပေးဖို့ KNUတိုက်တွန်း

ဧပြီ-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို ၂၀၂၅ နိုဝင်ဘာမှာ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မောတောင်မြို့ကို စစ်တပ်က ဧပြီ ၂၇ရက်မှာ ပေါင် ၃၀၀ဗုံး ၁၂လုံးနဲ့ ထပ်မံ ဗုံးကြဲခဲ့လို့ အရပ်သားသေဆုံးမှုတွေရှိခဲ့တယ်လို့ KNUက အသိပေးပါတယ်။

တနင်္သာရီမြု့နယ်၊ မယ်ဝါး(သဲဖြူ) ကျေးရွာအုပ်စုအတွင်းကို နှစ်ကြိမ် မောတောင်မြိုပေါ်ရှိ ရပ်ကွက်အတွင်း လေးကြိမ် စုစုပေါင်း ခြောက်ကြိမ် ဗုံးကြဲခဲ့သလို စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့လို့ ပြည်ဖြိုးထွန်းကုမ္ပဏီဆီအုန်းစိုက်ပျိုးရေးစီမံကိန်း အလုပ်သမားတန်းလျား ထိခိုက်ပျက်စီးခဲ့ရပြီး အပြစ်မဲ့အရပ်သားပြည်သူ ဇနီးမောင်နှံ ၂ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မောတောင်မြို့နေပြည်သူလူထုများစွာ ထိတ်လန့်ကြောက်ရွံပြီး ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို့အတုအယောင်ရွေးကောက်ပွဲ ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေပေမယ့် ပကတိမြေပြင်မှာ အရပ်သားပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း KNUက ထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့လည်း မိမိတို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင်ဖို့၊ စစ်တပ်က ဆက်လက်လုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရေး ထိရောက်တဲ့ တာဆီးကာကွယ်မှုတွေလုပ်ဆောင်ဖို့လည်း KNUက တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ ထင်ရှားတဲ့ ဥပဒချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက် နှုတ်ဆိတ်နေခြင်းဟာ အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေဖို့အတွက် အားပေးကူညီရာရောက်မယ်လို့လည်းဖော်ပြထားပါတယ်။

စစ်တပ်ဟာ ဧပြီ ၂၆ရက်ကလည်း မောတောင်မြို့အမှတ်(၁) ရပ်ကွက်နဲ့ အမှတ်(၉) ရက်ကွက်တွေကို ဗုံးကြဲခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ရာမှာ ပေါင် ၂၅၀ ဗုံး ခြောက်လုံးအသုံးပြု လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၂လုံး ပျက်စီးခဲ့ဟု KNUက ထုတ်ပြန်ပါတယ်။

မောတောင်မြို့ဟာ အရင်က KNUတနင်္သာရီမြို့နယ် ဌာနချုပ်နယ်မြေဖြစ်ပြီး ၁၉၉၀မှာ စစ်တပ်ကသိမ်းပိုက်ခဲ့ရာ ၃၅နှစ်အကြာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်နေနဲ့ မြို့သိမ်းခံရပြီးနောက် မောတောင်မြို့ပြန်ရဖို့ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ရဲ့ ဟန့်တားမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။