Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်ဒေသမှာ လူမှုကယ်ဆယ်ရေးအသင်း‌အချို့အရေးပေါ်ကူညီမှု ယာယီရပ်နား

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ လတ်တလောစစ်ရေးအခြေအနေအရ လုံခြုံရေးစိတ်မချရတဲ့အတွက် လူမှုကယ်ဆယ်ရေးအသင်း‌အချို့က သွေး၊အောက်စီဂျင်နဲ့ အရေးပေါ်ကူညီမှုလမ်းကြောင်းတွေ ယာယီရပ်နားလိုက်ပါတယ်။

မေ-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ လတ်တလောစစ်ရေးအခြေအနေအရ လုံခြုံရေးစိတ်မချရတဲ့အတွက် လူမှုကယ်ဆယ်ရေးအသင်း‌အချို့က သွေး၊အောက်စီဂျင်နဲ့ အရေးပေါ်ကူညီမှုလမ်းကြောင်းတွေ ယာယီရပ်နားလိုက်ပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ၂ရက်က စတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။

လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်ကထိန်းချုပ်ထားပြီး အဲ့ဒီနေရာတွေကို KIA၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို မြေပြင်စစ်ကြောင်းတွေကလည်း အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ လုယက်တာတွေ လုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်က လုံးခင်းထဲ အရပ်သားတွေ ခဏခဏပစ်သတ်နေတယ်။ လူ‌တွေကို ခြိမ်းခြောက်ဖမ်းဆီးပြီးတော့ ရွှေထည်တွေနဲ့ငွေတွေယူတယ်။ လုံးဝနေလို့မကောင်းတော့ဘူး။ အခုက လူမှုရေးအဖွဲ့တွေလည်း နားသွားပြီ။ အဲဒီရုံးတွေမှာ စစ်တပ်ကတပ်စွဲထားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် သွေး၊အောက်စီဂျင်၊အရေးပေါ်ကူညီမှုလမ်းကြောင်းတွေ ခေတ္တရပ်နားထားမှာဖြစ်ပြီး လုံးခင်းအုပ်စု ကျေးရွာအတွင်း (၉၆)ပါးရောဂါနဲ့ကွယ်လွန်တဲ့ နာရေးတွေပဲ ကူညီလုပ်ဆောင်ပေးသွားမယ်လို့ လူမှုရေးအဖွဲ့အချို့က ထုတ်ပြန်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ယာယီရပ်နားထားရတဲ့အပေါ် နားလည်ပေးဖို့လည်း မေတ္တာရပ်ခံထားကြပါတယ်။

” နာရေးကူညီမှုလမ်းကြောင်းတွေပိတ်ရင် တော်တော်လေးဒုက္ခရောက်ကြမှာ။ ဘာတွေဆက်လုပ်ရမှန်းလည်းမသိဘူး။ စစ်တပ်လုပ်တာက သေဖို့တောင်တော်တော်မလွယ်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီ ၂ရက်ကနေ ဒီကနေ့ မေလ ၁ရက်အထိ စစ်တပ်က ဖတ်ဆီးသတ်ဖြတ်လို့ သေဆုံးသူအရပ်သား ၁၂ဦးခန့်ရှိနေပြီး ဓားပြတိုက်လုယက်တဲ့ဖြစ်စဉ် ၁၀ကြိမ်ခန့်ဖြစ်ပွားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲက ဆက်လက်ပြင်းထန်နေသလို လုံးခင်းကျေးရွာက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ် တွေကပြောပါတယ်။လုံးခင်းကျေးရွာထဲက ဂေါက်ကွင်း၊ သုသာန်နဲ့ ဆေးရုံကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာပါ။

လက်ရှိစစ်ရေးအခြေအနေကြောင့် လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDFက သတိပေးထားပါတယ်။ စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီ၂၂ရက်ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ်ပြန်ထားသလို အဲဒီလမ်းမှာ စစ်တပ်တွေလည်းရှိနေတဲ့အတွက် အရပ်သားပြည်သူတွေအတွက်အန္တရာယ်ကြီးတယ်လို့ သတိပေးနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။