Connect with us

Hi, what are you looking for?

သတင်း

Netflixမှာကြည့်ရမယ့် ဒေါင်းရဲ့ Omukade

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

မေ-၇၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

“ကျနော်တို့က ကြိုးစားမယ်၊ ခင်ဗျားတို့က အားပေးပေးပါ၊ တခြားနိုင်ငံမှာ သရုပ်ဆောင်လုပ်နိုင်ဖို့ကအားလုံးရဲ့ခွန်အားကအရေးပါပါတယ်။ချစ်ခြင်းများစွာဖြင့် “လို့ ဒေါင်းကရေးသားထားပါတယ်။

ဒေါင်းရဲ့ဇာတ်ကား Netflixမှာ ပြသတဲ့အပေါ် သူ့ရဲ့ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ‌တွေက ဂုဏ်ယူကြောင်း ရေးသားထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဟန်နီနွေဦးက “ကိုယ်တွေရဲ့ မင်းသား” လို့ ကပ်ပရှင်ရေးကာ Netflix ကတင်ထားတဲ့ ဒေါင်းရဲ့ ဇာတ်ဝင်ခန်းပုံကို မျှဝေထားပါတယ်။

Omukade ရုပ်ရှင်ကို ထိုင်းနိုင်ငံမှာ ဇန်နဝါရီ လအတွင်းက ရုံတင်ပြသခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်လို့ ဒေါင်းကပြောထားပါတယ်။

ဒီဇာတ်ကားမှာ ထိုင်း ၊ ဂျပန် ၊ အမေရိကန် စတဲ့ နိုင်ငံတွေက သရုပ်ဆောင်တွေလည်း ပါဝင်ပြီး ဒေါင်းက အဓိက သရုပ်ဆောင်တစ်ဦး အနေနဲ့ ပါဝင်ထားတာပါ။

တစ်ကားလုံး ထိုင်းဘာသာစကားနဲ့ ပြောပြီး သရုပ်ဆောင်ခဲ့ရသလို အက်ရှင်ခန်းတွေက အမှတ်တရ ဖြစ်ခဲ့တယ်လို့ ဒေါင်းက People’s Spring နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဒေါင်းက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တော်လှန်ရေး လုပ်တာကြောင့် အားပေးတာမျိုးမလုပ်ပဲ အရည်အသွေးအပေါ် မူတည်ပြီး အားပေးဖို့လည်း ပြောထားပါတယ်။

တော်လှန်ရေးမတိုင်ခင်ကာလက Netflix မှာ ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားထုတ်လွှင့်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအ​ရေးဆန္ဒပြပွဲကိုလာ​​ရောက်​နှောက်ယှက်ပြီး အကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးသမားဆိုသူ​တွေကို ထိုင်းရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်တိုင်ကြားရာ ရဲတပ်ဖွဲ့ကအမှုကို လက်ခံလိုက်တယ်လို့ ကျူးလွန်ခံရသူ Bright Future က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ဆန္ဒပြပွဲ အကြမ်းဖက်သူ​တွေကိုစုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ ထိုင်းပြည်သူ့ပါတီအမတ်တိုက်တွန်း

သတင်း

နှုတ်ခမ်း​မွှေးရဲ့ PDRC အဖွဲ့ဝင်​တွေက ဆန္ဒပြပွဲဦး​ဆောင်တဲ့ဆူရတ်ဂ်ျဂီရီကိုထိုးကြိတ်ခဲ့

သတင်း

မြန်မာ-ထိုင်းနယ်စပ်တိုက်ပွဲ​တွေမှာ စစ်တပ်က ထိုင်းနိုင်ငံကတဆင့် KNUကို ဖိအားပေးဖို့ ထိုင်းနိုင်ငံဘက်ကို ရည်ရွက်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်တွေပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook