Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်မှာ စစ်တပ်က မိုးသည်းနေချိန် လေကြောင်းတိုက်ခိုက်

သီလရှင်တစ်ပါးအပါအဝင် ၂ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း အဆောက်အအုံတွေနဲ့ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး

သီလရှင်တစ်ပါးအပါအဝင် ၂ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း အဆောက်အအုံတွေနဲ့ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး

မေ ၁၇၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်က ရှားပင်ကျွန်းကျေးရွာမှာ မိုးသည်းနေချိန် စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ သီလရှင်တစ်ပါးအပါအဝင်၂ ဦးဒဏ်ရာရပြီးဘုန်းကြီးကျောင်းကသာသနာနိကအဆောက် အအုံတွေနဲ့ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၁၆ ရက် မနက် ၂နာရီခန့်က မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ရှားပင်ကျွန်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

“ည ၂ နာရီ မှာဂျက်ဖိုက်တာ ၂ စီး နဲ့ လာပစ်တာ။ ဘုန်းကြီးကျောင်းကို ပစ်တာ ထင်တယ် အိမ်တွေရောထိကုန်တာ။”လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၅၀)ကျော် မယ်သီလရှင်တစ်ပါးနဲ့ အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း၊ ဒါ့အပြင် ဘုန်းကြီးကျောင်းအတွင်းက သာသနိကအဆောက်အအုံတွေပါ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“မိုးတွေသည်းနေချိန် တံတားဦးတက်ဂျက်ဖိုက်တာ(MIG – 29) နဲ့ကိုဆော်သွားတာပါ။သာသနိက အဆောက်အဦးထိခိုက်ပျက်စီးတော့အမျိုးဘာသာ ဘာညာအော်နေတဲ့ စစ်ခွေးလော်ဘီတွေက ​​ေ -ာက်သံတိတ်နေကြတယ်။အပြစ်မဲ့အရပ်သား ပြည်သူအိမ်လေးတွေကတော့ အတော်လေးကို ထိခိုက်ပျက်စီးသွားတယ်။ ၅လုံးလောက်က ပြန်ပြင်လို့ကို မရနိုင်တော့ဘူး။ အသစ်ပြန်ဆောက်ဖို့လည်း သာမာန်တောရွာနေပြည်သူမိသားစုတွေအတွက် တော်လှန်ရေးကာလအတွင်း ဘယ်လိုငွေပိုငွေလျှံရှိလို့ ပြင်နိုင်မလဲ”လို့ မုံရွာနယ်အခြေစိုက် ပကဖရဲဘော်တစ်ဦးက ပြောပါတယ်။

မေလ ၁၂ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်လို့ ပြည်သူတစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်က ဒီလပိုင်းမှာ နိုင်ငံတဝန်းဆုံးရှုံးထားတဲ့ ဒေသတွေကို စစ်ကြောင်းတွေအများကြီးနဲ့ အရှိန်မြှင့်ပြီးတန်ပြန်ထိုးစစ်ဆင်လာပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီက အင်အားတွေဖြည့်နေပြီး ကနီ၊ ယင်းမာပင်နယ်တွေမှာ စစ်ကြောင်းတွေ ထိုးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။