Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ-တောင်သာလမ်းပိုင်းတိုက်ခိုက်မှု အချုပ်ဖောက်ပြီး စစ်တပ်ထံအညံ့ခံသူ အပါအဝင် ၁၁ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

(မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေ တိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကိုသက်ကြီး)

မေ-၂၆၊၂၀၂၆၊ဟာနာဆန်၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မေလ၂၄ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာ လမ်းပိုင်း အသုံးပြုပြီး ရိက္ခာပို့ပြန်လာတဲ့ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံ ပူးပေါင်းခဲ့သူ အောင်ကြီး အပါအဝင် ၄ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

အောင်ကြီးဆိုသူဟာ ၂၀၂၅ အောက်တိုဘာကပြစ်မှုလုပ်လို့ အချုပ်ချထားစဉ် ထောင်ဖောက်ထွက်ပြေးသွားပြီး စစ်တပ်ထံအညံ့ခံ ပူးပေါင်းခဲ့သူဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီနဲ့ပျူတွေ အင်အား၂၀လောက်ပါတယ်။ကား၂စီးနဲ့လာတာ။တစ်စီးရလိုက်တယ်။ကျန်တဲ့ကောင်က ထွက်ပြေးသွားတာ”လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ပြန်လှည့်ပြေးသွားကာ ဆေးရုံမှာ နောက်ထပ် ၇ဦး ထပ်မံသေဆုံးလို့ စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိတယ်လို့ ဇီးရိုးပျောက်ကြား-မြင်းခြံ(တပ်ရင်း-၇)ကလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ချိန် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ Super Custom ကားတစ်စီးကို အသေအပျောက်တွေနဲ့တကွ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ 4Wheel တစ်စီးကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့ပြီး အဲဒီကားဟာ မြင်းခြံမြို့ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက ဆိုပါတယ်။

အဲဒီယာဥ်တွေပေါ်ကနေ MA-1 သေနတ် (၁) လက်၊ BA သေနတ် (၁) လက်၊ M-22 သေနတ် (၁) လက်၊ ကာပိုင်သေနတ် (၁) လက်၊ အခြားစစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက ထပ်မံ အသိပေးပါတယ်။

အဲဒီနောက် စစ်ကောင်စီဘက်က စစ်ကူယာဉ်တွေနဲ့ ဒရုန်းယာဉ်တွေ ထပ်မံရောက်ရှိလာလို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၁၊ ၂၊ ၇) တပ်ရင်းမြင်းခြံမြို့နယ် (ပကဖ တိုက်နယ် ၂)၊နွားထိုးကြီးမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။