စက်တင်ဘာ ၂၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မီးသတ်ရုံးဘေးက အေးမြသီတာစျေး မီးလောင်ကျွမ်းမှုမှာ ပွဲရုံ ၄ ရုံနဲ့ ဆိုင်ခန်း ၂၄ ခန်း မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက် ည ၇ နာရီ မိနစ် ၅ဝခန့်က မြင်းခြံမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အေးမြသီတာစျေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နာရီဝက်ခန့် လောင်ကျွမ်းခဲ့ပြီး ငရုတ်၊ ကြက်သွန် အစရှိတဲ့ ပွဲရုံ ၄ ရုံနဲ့ အခြားကုန်ပစ္စည်းအရောင်းဆိုင်ခန်း ၂၄ ခန်း မီးလောင်ပျက်စီးခဲ့ကြောင်းဒေသခံအချို့က ပြောပါတယ်။
“စျေးအတွင်း အသားရုံဘေးက လောင်တာ။ ဘာမှကိုမရလိုက်ကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မြင်းခြံမြို့မှာ အာဏာသိမ်းစစ်တပ်က ရွာတွေဘက် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားလို့ စျေးရောင်းပါးတဲ့အချိန် စျေးမီးလောင်ကျွမ်းပျက်စီးခဲ့တာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဥ်ကို ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းရတယ်ဆိုပြီး မီးသတ်က အသိပေးထားတယ်လို့ သိရပါတယ်။
မြင်းခြံမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတဲ့ဒေသဖြစ်ပြီး မြို့ပေါ်မှာလည်း စစ်မှုထမ်းခေါ်ယူတာတွေရှိနေတဲ့အတွက် ပြပြည်သူတွေဟာ လုံခြုံရေးစိုးရိမ်နေရတဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။



















































