Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် Paradise ကလပ်က DJ တီးသူအပါအဝင်လူငယ် ၂၀ ကျော်ဖမ်းဆီခံရ

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ Transporter Bar အနီး Paradise Entertainment အမည်နဲ့ဖွင့်တဲ့ကလပ်က DJ တီးသူအပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူ​တွေက​​ပြောပါတယ်။

(Paradise ကလပ်ဖွင့်ခဲ့စဥ်က ဒီ​ဂျေတီးလုံး​တွေနဲ့က​နေသူ​တွေ။ဓါတ်ပုံ-Paradise Entertainment တစ်​တော့)

ဇွန်-၁၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ Transporter Bar အနီး Paradise Entertainment အမည်နဲ့ဖွင့်တဲ့ကလပ်က DJ တီးသူအပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူ​တွေက​​ပြောပါတယ်။

မေ ၂၈ ရက်ညပိုင်းက သတင်းပေးတိုင်ကြားမှုအရ ဆိုတဲ့အ​ကြောင်းပြချက်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇွန် ၁ ရက်​နေ့အထိ ပြန်မလွတ်သေးဘူးလို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

“သူတို့က လိုင်စင်လည်းသက်တမ်းမတိုးထားဘူး။ ပြီးတော့ မူးယစ်ဆေးဝါးဘာညာရောင်းချတယ်လို့ သတင်းရထားတာ။ အခုနောက်ပိုင်းက Hi ခန်းတွေဖွင့်ခွင့်မရှိဘူး။ အကုန်ပိတ်ထားရတာ။ ပြောရရင် သူလည်း Hi ခန်းပဲ။ အခုကတော့ညှိနှိုင်းနေတုန်းလို့ပြောတယ်။ ပိုက်ဆံနဲ့ပြန်ရွေးရမှာပေါ့”လို့ဖြစ်စဥ်ကိုသိရှိသူတဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့ရက် ၁၀၀ စီမံကိန်းမှာ ရန်ကုန်မြို့ရဲ့ နိုက်ကလပ်၊ စင်တင်၊ KTV ၊ Hi ခန်းတွေကို လိုင်စင်မရှိပဲ မဖွင့်ရဘူးလို့ အသိ​ပေးထားတယ်လို့ဆိုပါတယ်။

ဒါကြောင့် နာမည်ကြီး Radio Bar ၊Transporter

Barအပါအဝင် စင်တင်ဖျော်ဖြေရေးတွေပါတဲ့ Bar အချို့လည်းပိတ်ထားရသလို KTV တွေကိုလည်း ပိတ်ထားရတယ်လို့ ​ဘား​တွေကိုသွား​ရောက်​လေ့ရှိသူအချို့က​ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့ နိုက်ကလပ် (Night Club) အများစုဟာ ညနေ ၅ နာရီမှ ည ၁၁ နာရီအထိသာ ဖွင့်ရမယ်ဆိုပြီးစစ်တပ်ကအချိန်ပြောင်းလဲသတ်မှတ်ထားပါတယ်။

စစ်တပ်က အခုနှစ်ပိုင်းအတွင်းမှာ ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့မြို့​တွေမှာ ဘုရားပွဲ​တွေအပါအဝင် ​​ပျော်ပွဲရွှင်ပွဲ​တွေ၊ဘောလုံးပြိုင်ပွဲ​တွေ ၊မာရသွန်အ​ပြေးပြိုင်ပွဲ​စသဖြင့် ပွဲ​တော်​တွေကိုဆက်တိုက်လုပ်ခိုင်းခဲ့ပါတယ် ။စစ်တပ်စိတ်တိုင်းကျစီစဥ်ထားတဲ့ စစ်တပ်​ရွေး​ကောက်ပွဲက​နေ အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် ဦး​ဆောင်တဲ့အစိုးရဆိုပြီးထပ်ဖွဲ့ပြီး ရက် ၁၀၀ စီမချက်ဆိုပြီး အရင်ကအကန့်အသတ်မရှိ​ပျော်ပါးခွင့်​ပေး​နေတဲ့ ဘား​တွေ ၊ကလပ်​တွေ ၊KTV ​စတာ​တွေကိုအခုလိုပြန်ကန့်သတ်​နေတာဖြစ်ပါတယ်။

ဒါပမယ့် အာဏာသိမ်းစစ်တပ်ကရန်ကုန်မှာ ညမထွက်ရအမိန့်ကို ပယ်ဖျက်ပြီး လူငယ်​တွေကို အိမ်​ပေါ်ထိတက်ပြီး ​ပေါ်တာဆွဲတာ ၊အလုပ်ကအပြန်​ပေါ်တာဆွဲတာ ၊ညဘက်အပြင်ထွက်​နေရင်း​ အုပ်စုလိုက်ကား​တွေနဲ့ ​ပေါ်တာဆွဲတာစသဖြင့် ပုံစံမျိုးစုံနဲ့​ပေါ်တာဆွဲတာ​တွေများ​နေတယ်လို့ မြို့ခံ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီက​နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကား​တွေကရပ်တန့်ပြီး ဟွန်းတီး အ​လေးပြုခဲ့ကြပါတယ်။