Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်မှာ ပန်းရံလုပ်ပြန်လာတဲ့ပြည်သူ၅ဦးကို စစ်တပ်ကသတ်ဖြတ်

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

(စစ်တပ်ကနတ်စောင့်ရွာက​နေအိမ်​တွေကိုမီးရှို့ထားစဥ်။ဓါတ်ပုံ-CJ )

ဇွန်-၂၊၂၀၂၆။ရှိန်း/People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်ကစစ် ကြောင်း၄ကြောင်းထိုး​နေပြီး ပြည်သူ၅ဦး သတ်ဖြတ်ခံထားရသလို ပြည်သူအများအပြားကို ဖမ်းဆီးကာ နေအိမ်တွေကိုမီးရှို့နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဇွန်လ ၁ ရက်နေ့၊နေ့လည်၁၂ခွဲခန့်မှာတောင်သာ- ဝဲလောင်လမ်းပိုင်း၊ကိုင်းချောင်းတံတားအနီးမှာဂိတ်ဖွင့်ပိုက်ဆံကောက်နေတဲ့ စစ်တပ်စစ်ကြောင်းကပြည်သူ ၅ ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်က ကိုင်း​ချောင်းတံတားနေရာကိုဂိတ်ချစစ် ဆေး နေတဲ့အချိန် ပန်းရံလုပ်ပြီးပြန်လာတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ၅ဦးကိုသတ်ဖြတ်ခဲ့တာပါ ။ကျန် ၂ ဦး လည်းပျောက်ဆုံးနေတယ်လို့ ဒေသခံတဦး ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အလောင်းတွေကိုဒေသခံတွေကတွေ့လို့၅လောင်းလို့ ပြောရတာ။ကျန်တဲ့၂ ယောက်လည်း ပျောက် နေတယ်”လို့ ဒေသခံက ပြောပါတယ်။

ဇွန်လ၂ ရက်နေ့ မှာ အဲဒီစစ်ကြောင်းက တောင်သာ- ဝဲလောင်လမ်းပိုင်း၊ဗျိုင်းအင်းနဲ့ သဲတောရွာ တွေကို အင်အားဖြန့်တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်တံတားအရှေ့ရွာကိုရောက်နေတဲ့စစ်တပ်စစ်ကြောင်းကလည်းကျားမတွင်းရွာကို ရောက်​နေပြီးရွာကို မီးရှို့ဖျက်ဆီး နေတယ်လို့​ေပါတယ်။

အလားတူ နတ်စောင့်ရွာကနေ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကလည်း ထန်းပင်ခြံရွာကို ရောက် နေပြီး နေအိမ်တွေကိုမီးရှို့နေတယ်လို့ လူထုလှုပ်ရှားမှု ကော်မတီ တောင်သာကထုတ်ပြန်ထားပါတယ်။

ဒါအပြင်မကျီးကုန်းနဲ့ ဆုံကုန်းကို ရောက် နေတဲ့စစ်ကြောင်းကလည်း ညောင်ကုန်းရွာကို ရောက် နေပြီး ပြည်သူတွေကိုဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဆုံကုန်းရွာမှာ ဖမ်းဆီးခံထားရပြီး စစ်တပ်ကလမ်းပြလုပ်ခိုင်းတဲ့ပြည်သူ​တွေထဲက အမျိုးသား ၂ ဦးကိုလည်းစစ်တပ်ကသတ်ပြီးအ​လောင်း​တွေကိုထားခဲ့တယ်လို့သတင်းရရှိပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။