Connect with us

Hi, what are you looking for?

သတင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆန္ဒ ကိုယ်စားပြုနေဆဲဖြစ်ဟု ဖက်ဒရယ်ဦးဆောင်ကောင်စီ သဘာပတိ ပြော

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။

(၂၀၂၀ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။

ဇွန် ၁ရက်ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်လည်း တက်ရောက် အမှာစကား ပြောကြားခဲ့တာကို SCEFက ဒီကနေ့မှာ မိန့်ခွန်းရုပ်သံကို ဖော်ပြခဲ့တာပါ။

“စစ်တပ်ဟာ လက်နက်အားနဲ့ အာဏာကို အကြမ်းဖက်သိမ်းနိုင်ခဲ့ပေမယ့် ပြည်သူ့ နှလုံးသားထဲက အာဏာကိုတော့ ဘယ်တော့မှ လုယူဖျက်ဆီးလို့ မရဘူးဆိုတာ ကို သမိုင်းတလျှောက်လုံး တော်လှန်ရေး နှိုးထမှုများက အထပ်ထပ် သက်သေထူပြသပြီးဖြစ်ပါတယ်။နိုင်ငံတကာ လွှတ်တော်များအဖွဲ့ ဖက်ကနေလည်း ဒါကို မကြာသေးခင်က ထပ်မံ အတည်ပြုပေးခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်” လို့ ခူဦးရယ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဧပြီ ၁၉ရက်မှာကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် IPU အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာစစ်အုပ်စုက ၂၀၂၅ နှစ်ကုန်နဲ့ ဒီနှစ်အစောပိုင်းမှာရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပေမယ့်ယင်းရွေးကောက်ပွဲများကို ဘယ်သူမှ အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ပိုပြီး တရားဝင်မှုရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ အချိန်အထိ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို သူတို့ရဲ့ အဖွဲ့အစည်းတွေမှာ ပြည့်ပြည့်၀၀ ကိုယ်စားပြုနိုင်တဲ့အချိန်အထိ IPU အနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ ကော်မတီနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်လို့ အသိပေးခဲ့ပါတယ်။

SCEF အလှည့်ကျသဘာပတိကလည်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို ဆက်လက် အသိအမှတ်ပြုပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သတင်းစကား ပြောကြားပါတယ်။

“မြန်မာပြည်သူတွေရဲ့ Legitimate Democratic aspirations ကို ဆက်လက်အသိအမှတ်ပြုပေးဖို့ Humanitarian assistance နဲ့ Diplomatic support တွေကို ပိုမိုပံ့ပိုးပေးဖို့ လိုအပ်နေတဲ့အတွက် တဆက်တည်းတိုက်တွန်းရင်း မေတ္တာရပ်ခံချင်ပါတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ခူဦးရယ်က ပြောကြားပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ KNPP၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို အတူတကွ ရင်ဆိုင်သွားဖို့ အသိပေးထားပါတယ်။

လက်ရှိ တော်လှန်ရေးဟာလူတစုအာဏာရဖို့လုပ်နေတဲ့ တော်လှန်ရေးမဟုတ်ဘဲ စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်ဖို့ပဲဖြစ်ပါတယ်လို့ ခူဦးရယ်က ပြောပါတယ်။

“ဒီတော်လှန်ရေးဟာ လူမျိုးတမျိုးရဲ့ တော်လှန်ရေးမဟုတ်သလို ဒေသတခုရဲ့ တော်လှန်ရေးလည်း မဟုတ်ပါဘူး။ အနာဂတ်မျိုးဆက်တွေအတွက် တရားမျှတတဲ့ ပြည်ထောင်စုတခု တည်ဆောက်ဖို့ အားလုံးပူးပေါင်းကြိုးပမ်းနေကြရတဲ့ ကောင်းမွန်တဲ့ လုပ်ငန်းစဉ်ကြီးတရပ်ပဲဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

အမြင်မတူတာ နည်းဗျူဟာမတူတာတွေ ရှိနိုင်ပေမယ့် အပြန်အလှန် နားလည်အသိအမှတ်ပြုမှုနဲ့ တိုင်းပြည်ချစ်စိတ်အခြေခံကနေ ကြိုးပမ်းအားထုတ်မှု အသီးသီးကို အသိအမှတ်ပြုကြရမယ်လို့လည်း အသိပေးပါတယ်။

“ကျနော်တို့ရဲ့ တော်လှန်ရေးဟာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင်အင်အားစုများ CDM ဝန်ထမ်းများ လူငယ်များနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ သွေးချွေးအသက်နဲ့ ပေးဆပ်တည်ဆောက်ထားတဲ့ ပြည်သူ့တော်လှန်ရေး စစ်စစ်ဖြစ်တာကြောင့် ဘယ်လို ဖိနှိပ်မှုမျိုးနဲ့မှ ရပ်တန့်သွားမယ့် အလားအလာ မရှိနေတာကို ကျနော်တို့ အခိုင်အမာ ယုံကြည်ထားပါတယ်” လို့ SCEF အလှည့်ကျ သဘာပတိက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇူလိုင် ၂၁ရက်မှာ မွန်လက်နက်ကိုင်တပ်တွေအပါအဝင် မွန်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး