Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မြစ်​​​ခြေမြို့မှာ ပြည်သူ လေးဆယ်​ကျော်ကိုသတ်ဖြတ်

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ကမြစ်​ခြေက​နေအိမ်​တွေကို မီးရှိူ့ဖျက်ဆီးခဲ့တာ​ကြောင့် မီး​လောင်ပျက်စီးခဲ့တဲ့​နေအိမ်နဲ့ ဘုရားစင်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇွန်-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၄၀၀ ကနေ ၅၀၀ နီးပါးရှိတဲ့စစ်တပ်စစ်ကြောင်းတွေဟာ မေလ ၁၀ ရက်နေ့ကနေစတင်ပြီး မြစ်ခြေမြို့ကို အကြမ်းဖက်စီးနင်းခဲ့တာပါ။ စစ်တပ်စစ်​ကြောင်း​တွေဝင်လာကတည်းက​သောင်းနဲ့ချီတဲ့ပြည်သူ​တွေဟာ ​ဘေးလွတ်မယ့်ထင်တဲ့​နေရာ​တွေကိုထွက်​ပြေးတိမ်း​ရှောင်ကြ​ပေမယ့်​ဒေသခံအချို့က​တော့ထွက်မ​ပြေးခဲ့ပါဘူး။

စစ်တပ်စစ်ကြောင်းတွေတခြားနေရာ​တွေသွားနေတုန်း မြို့ထဲကိုဝင်ကြည့်တဲ့အခါ သတ်ဖြတ်ခံရတဲ့ အလောင်းတွေ ဆယ်နဲ့ချီပြီးတွေ့တာလို့ ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“အသတ်ခံရတာ ၄၀ ကျော်တယ်။၂၅လောင်းကို တွေ့ရပြီ။ စစ်ကြောင်းက ရှိနေသေးပြီး ဒေသခံတချို့ကတော့ ဝင်လို့ရသလောက် ပြန်ဝင်နေတယ်” လို့ ၎င်းက ပြောပါတယ်။

မြစ်ခြေမြို့ကို စီနင်းတဲ့ စစ်တပ်စစ်ကြောင်းတွေဟာပခုက္ကူတပ်မ (၁၀၁)နဲ့ ညောင်ဦးအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၄၁၅) တို့ဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ပျူစောထီးတွေပါ ပါဝင်တဲ့အဆိုပါ စစ်ကြောင်းက မေလ (၁၀)ရက်တွင် ပခုက္ကူဘက်က​နေ စတင်ရောက်ရှိလာပြီး မေလ(၃၁)ရက်အထိသုံးပါတ်အတွင်း​တေအိမ်​ပေါင်း အိမ်၂၀၀ထက်မနည်းကို မီးရှို့ခဲ့ပါတယ် ။ ဒါ့အပြင် ပြည်သူ(၂၅)ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက မေလ ၃၁ရက်မှာထုတ်ပြန်ထားပါတယ်။

မြစ်ခြေမြို့မဈေးကြီးတစ်ခုလုံးအပြင်မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးနားရှိ မိုးနတ်ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်း၊ ရွာသာအေး၊ကြောင်ပန်းခုံ၊ဖိုလ်ကုန်း၊ ထနောင်းကုန်း ၊မကျီးကုန်း၊ထန်းတောချောက်၊ကူကျွန်း၊လက်ပံပင်၊ညောင်ပင်၊နံဂါတ်စတဲ့ ကျေးရွာ/ရပ်ကွက် ပေါင်း (၁၁) ခုထက်မနည်းကို စစ်တပ်ကနေ့ရော၊ညပါ မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ်​ပေါင်းထောင်နဲ့ချီပျက်စီးခဲ့သလို ဒေသခံ ရှစ်သောင်းခန့်လည်း ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။နောက်ဆက်တွဲ အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့ဟာ ယူနက်စကိုစာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဖြစ်တဲ့ ပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ ပုဂံနဲ့ ၆မိုင်၊၇မိုင်ခန့်သာ ဝေးပါတယ်။ အဲ့ဒီနေရာကို စစ်တပ်က အကြမ်းဖက်ဖျက်ဆီးနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။