Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ​တွေကိုသတ်ဖြတ်ပြီးနေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြစ်ခြေရဲစခန်းကို PDF တိုက်ခိုက်သိမ်းပိုက်

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

(မြစ်​ခြေရဲစခန်းကို PDF ​တွေသိမ်းပိုက်ပြီး​နောက်မြင်ကွင်း ။ဓါတ်ပုံ-PDF စစ်ရုံးချုပ်)

ဇွန် -၁၀၊၂၀၂၆။ဒီးဒီ/People’s Spring

ဒေသခံပြည်သူ ၂၀ကျော်ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ် ၁၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ ဒီကနေ့ ဇွန်လ ၁၀ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာမေလ ၁၀ ရက်ကနေ ဇွန်လ ၂ရက်အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း (၁၀၀၀) ကျော် မီးရှို့ဖျက်ဆီးကာ အတည်ပြုနိုင်တဲ့ ပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဇွန်လ ၁၀ ရက်မှာ မြစ်ခြေစခန်း အပြီးတိုင် ထိုးစစ်ဆင်သိမ်းပိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအား လက်တုံ့ပြန်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ၁၀ ရက်နံနက်(၄)နာရီမှာမြစ်ခြေရဲစခန်းကိုမကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် (၅) နာရီမှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်းရန်သူ့တပ်ထံက G-3 (၁၈)လက်၊ 79 (၁) လက်၊ ‌ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊ လက်လုပ် လေသေနတ် (၁) လက်၊ ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်းဆည်းရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား ၂ ဦး ​သေဆုံးပြီး ၁၄ ဦး စစ်သုံ့ပန်းအဖြစ် လက်နက်ချအညံ့ခံခဲ့တယ်လို့လည်း​ဖော်ပြပါတယ်။

စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားရှိပြီးစစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဘက်ဆိုင်ရာဥပဒေများနဲ့ အညီစိစစ်ဖော်ထုတ်ပြီးစစ်တရားရုံးတင်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာလို့ ဖော်ပြပါတယ်။

ဒါ့အပြင်စစ်တပ်ရဲ့အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ကျဆုံးသွားခဲ့ရတဲ့ မြစ်ခြေဒေသခံ မိဘပြည်သူများ ကောင်းမြတ်ရာ ဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့ထားပါတယ်။

ပခုက္ကူမြို့ အ​ခြေစိုက် တပ်မ (၁၀၁)လက်​အောက်ခံတပ်ရင်း​တွေနဲ့ ညောင်ဦးအ​ခြေစိုက်ခလရ (၄၁၅)က စစ်သား တွေ၊စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ၊ရဲ​တွေ ပူးပေါင်းပြီး​တော့အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို ​မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်တပ်က​မြစ်​​ခြေမြို့ကပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန် ၉ ရက်အထိရုပ်အ​လောင်း ၃၇ ​လောင်းရှာ​ဖွေ​တွေ့ရှိပြီး ​ပျောက်ဆုံး​နေသူ ၅ ဦးရှိ​သေးတယ်လို့ရှာ​ဖွေကယ်ဆယ်​ရေး၊နယ်​မြေရှင်းလင်း​ရေးလုပ်​နေသူ​တွေက​ပြောပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေကမြစ်​ခြေမြို့ကို ဖျက်ဆီးပြီး ဇွန်လဆန်းမှာပြန်ဆုတ်သွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။