Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှု အတွက်ထိုင်းအမျိုးသမီးကိုလူသတ်မှုနဲ့ စွဲချက်တင်

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

(အ​မေရီကန် သံအရာရှိ အသတ်ခံခဲ့ရတဲ့ Sakura Residence ဟိုတယ်။ ဓါတ်ပုံ-Sakura Residence ဟိုတယ်​ဖေစ်ဘွခ်)

ဇွန်-၁၂၊၂၀၂၆။People’s Spring

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

ကမာရွတ်မြို့နယ်တရားရုံးမှာအဲဒီအမှုအတွက် သံသယတရားခံ အမျိုးသမီးကို ဇွန်လ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့တယ်လို့ တရားရုံးရှေ့နေ နှစ်ဦးက ပြောကြားခဲ့ပါတယ်။

အမျိုးသမီးဟာလူသတ်မှုရော၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့သီးခြားထားရှိတဲ့လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှု အတွက်ပါ စွဲချက်တင်ခံခဲ့ရကြောင်း​ရှေ့​နေတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအမျိုးသမီးရဲ့နာမည်ကိုမထုတ်ပြန်သလိုကမာရွတ်တရားရုံးမှာသူ့အတွက် ကိုယ်စားပြု လျှောက်ထားပေးမယ့် တရားဝင် ဥပဒေ အကျိုးဆောင်အဖွဲ့ စီစဉ်ထားမထား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။တကယ်လို့ ပြစ်မှုထင်ရှားရင်သူဟာ ထောင် ၁၀ နှစ်လောက်ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။

အမှုအကြောင်းကိုအသေးစိတ်ထုတ်ပြောတာဟာအာဏာသိမ်းစစ်တပ်ရဲ့ပစ်မှတ်ထား တုံ့ပြန်မှုတွေကို ကြုံလာနိုင်တာကြောင့် ရှေ့နေနှစ်ဦးက သူတို့ရဲ့ နာမည်တွေကို ဖော်မပြဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသက် ၄၃ နှစ်အရွယ်အမေရိကန် သံအရာရှိကိုမေလ ၁၁ ရက်နေ့တုန်းကကမာရွတ်မြို့နယ်ထဲက Sakura Residence ဟိုတယ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်သားရှာတွေ့ခဲ့တာပါ။အဲဒီဟိုတယ်ဟာအမေရိကန်သံရုံးနဲ့ တစ်မိုင်လောက်အကွာမှာတည်ရှိပြီးသံအရာရှိတွေနဲ့ ရေရှည်နေထိုင်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေကြားမှာ ရေပန်းစားပါတယ်။သေဆုံးသူရဲ့ ဦးခေါင်းနဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မှာသံအရာရှိသေဆုံးခဲ့တဲ့ကိစ္စကို အတည်ပြုခဲ့ပေမယ့်အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ဖို့တော့ ငြင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးအတွက်သံတမန်ရေးလုပ်ထုံးလုပ်ငန်းတွေအရ အကူအညီပေးဖို့စီစဉ်နေကြောင်းပြောပေမယ့် ရှေ့နေနဲ့ ဥပဒေ အကျိုးဆောင်မှုတွေ ပံ့ပိုးပေးမလား ဆိုတာကိုတော့ သဲသဲကွဲကွဲ ပြောမသွားပါဘူး။

အမျိုးသမီးဟာ အလောင်းရှာတွေ့ပြီး မကြာခင်မှာပဲ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့တရားရေး အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ မီဒီယာတွေရဲ့စုံစမ်းမေးမြန်းမှုတွေကိုဖြေကြားဖို့ငြင်းဆိုထားကြောင်းလည်း သိရပါတယ်။

ကိုးကား-AP

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။