Connect with us

Hi, what are you looking for?

သတင်း

မုံရွာစက်မှုဇုန်က စစ်တပ် ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

Screenshot

ဇွန်-၁၇၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၅ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ တောရွာကျောင်းမှာတပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ အိမ်စီးကား ၁၃စီးနဲ့ စစ်ကူလာတဲ့ စစ်တပ်ကိုပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်းတွေက အသိပေးပါတယ်။

“ပွဲကြာချိန်က ၁၅ မိနစ်ဝန်းကျင်လောက်ပဲဗျ။ လက်နက်တွေကတော့ မရပါဘူး။ နောက်ကနေ တပ်ကူကားတွေကလည်း ရောက်လာတာ။ အင်အားကလည်း ၁၈ စီးလောက်ဖြစ်လာတော့ ဆုတ်ခဲ့ရတာ”လို့ မုံရွာခရိုင် အမှတ်(၂၂) တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုအတွင်း တောရွာကျောင်းက စစ်အုပ်စုဝင် ၂ ဦးနဲ့ တပ်ကူလာတဲ့ ကားတန်းက ၂ ဦး စုစုပေါင်း ၄ ဦး မျက်မြင်သေဆုံးကာ ကား ၂ စီးပျက်စီးသွားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စက်မှုဇုန်အတွင်း စစ်တပ်က လုံခြုံရေးတင်းကြပ်စွာ ချထားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အလောင်းက စစ်တပ်ကပြန်ကောက်သွားတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မုံရွာခရိုင် ၅+၁ (၄-၂၂-၂၃-၂၅-၂၈) တပ်ရင်း ၊ ပြည်သူလွတ်မြောက်တပ်မတော် – PLA နှင့် Royal God People Defense Force တိုက်နယ် (၄) ပကဖ တိုက်ခိုက်ရေးအဖွဲ့ (မုံရွာ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။