Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၈၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ အထင်ကရနေရာတွေမှာ အညာပစ်တိုင်းထောင်လေးများ သပိတ်ကော်မတီက ဦးဆောင်ပြီး နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှ မုံရွာမြို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်နဲ့ ကန်သာယာ ပန်းခြံတို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ရန်သူကြောက်ဒူးတုန်စေတဲ့ နှင်းဆီတွေဟာ မုံရွာမြို့မှာလည်း ပေါ်ပေါက်လာပြီဖြစ်တယ်”လို့ အညာပစ်တိုင်းထောင်လေးများသပိတ်ကော်မတီက အသိပေးထားပါတယ်။

နှင်းဆီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်ကော်မတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မွေးနေ့ကိတ်ခွဲပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင်နဲ့တကွ နိုင်ငံရေးအကျဥ်းသားတွေ ချက်ချင်းလွှတ် လို့ ကြွေးကြော်သံတွေဟစ်ကြွေးကာ လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း ဒေသခံတော်လှန်ပြည်သူတွေက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၈၁)နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှုနဲ့ ပါဝင်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက “နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်!” ၊ “အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်!” လို့ ကြွေးကြော်ဆန္ဒပြခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်တဲ့အတွက် “နှင်းဆီလှုပ်ရှားမှု” မှာ ပြည်တွင်း၊ ပြည်ပက လူထုတစ်ရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

အလားတူ မုံရွာမြို့ပေါ်မှာလည်း နှင်းဆီလှုပ်ရှားမှုကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။

မုံရွာမြို့အတွင်းရှိ အစစ်အဆေးတွေ၊ နှင်းဆီပန်း ဝယ်ယူ ၊ သယ်ယူခွင့်တွေ ပိတ်ဆို့နေတဲ့ ကြားမှ လူထုအကူအညီနဲ့ မုံရွာမြို့ပေါ် အထင်ကရနေရာတွေမှာ နှင်းဆီ လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး ထိန်းချုပ်နယ်မြေတစ်နေရာမှာလည်း တော်လှန်လူငယ်တွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) ပြည့် မွေးနေ့ အဖြစ် နှင်းဆီလှုပ်ရှားမှုကို ဆင်နွှဲပြီး အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ကမ်ပိန်းဓါတ်ပုံရိုက်ကူးခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း သပိတ်ကော်မတီက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၈ မိုင် ၁ ဖာလုံ မာရသွန် အပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ်မှာလည်း ကျောင်းသား၊ ကျောင်းသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”လို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ပြည်သူ့အခြေပြုကျောင်းရှိ ကျောင်းသား၊သူတွေနဲ့ ဆရာ၊ဆရာမတွေက နှင်းဆီနီကမ်းပိန်းပြုလုပ်ခြင်း၊ အမေစုရဲ့စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအတွက် နောက်မဆုတ်တမ်း တိုက်ပွဲဝင်မှုတွေနဲ့ စံပြအတုယူထိုက်တဲ့ စိတ်ထားတွေကို ဟောပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။