Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စစ်တပ်က ပြည်သူတွေထံက ရိက္ခာတွေခြိမ်းခြောက်တောင်းယူနေ

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၉၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့မှာ အာဏာသိမ်းစစ်တပ်က လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေထံက စားနပ်ရိက္ခာတွေ ခြိမ်းခြောက်တောင်းယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က မလှိုင်မြို့မစျေး ဆန်ဆိုင်တစ်ဆိုင်ကို တစ်လ ဆန်တစ်အိတ်နှုန်း၊ ဆီဆိုင်တစ်ဆိုင်ကို ဆီ၂ ပိဿာနှုန်းနဲ့ အခြားလုပ်ငန်းရှင်တွေ စျေးဆိုင်တွေကိုလည်း လစဥ်ရိက္ခာအတွက် ပေးရမယ်ဆိုပြီး မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးခေါ် ခြိမ်းခြောက်တောင်းယူခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းနဲ့ မြို့ပေါ်နေတဲ့ စခတွေ စားဖို့သဘောဖြစ်မယ်။ ဒီလစတောင်းတာပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဇွန်လ ၁၈ရက်က ကျေးရွာတွေကနေ မလှိုင်စျေးမှာ စျေးရောင်းလာကြသူတွေကိုလည်း ဆိုင်ကယ်တစ်စီး ကျပ် ၃၀၀၀ ၊ ကားပေါ်ပါ ပြည်သူတွေကို တစ်ဦး ၇၀၀၀ ကျပ်နှုန်း စစ်အုပ်စုက ​တောင်းယူခဲ့တဲ့အပြင် ကားတစ်စီးကို ဆန်အိတ် ၂လုံးနှုန်း သိမ်းယူသွားကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့က အသိပေးပါတယ်။

“ဘယ်လောက်ထိဆိုးလဲဆို ဖွဲတင်လာတဲ့ ကားကိုတောင် ဖွဲလည်းပေးခဲ့ ငါ့တို့စခန်းထဲမှာ ဝက်မွေးထားတာရှိတယ်ဆိုပြီး ဖွဲအိပ်တွေချယူတယ်ဟုလည်းသိရပါတယ်။”လူထုသတင်းကွန်ယက်-မလှိုင်မြို့က ထပ်မံအသိပေးပါတယ်။

ဒါ့အပြင် မြို့မစျေးပတ်လည်မှာလည်း လာသမျှပြည်သူတွေရဲ့ဖုန်းတွေကို စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

မလှိုင်မြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံခရိုင်က မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ စတဲ့ဒေသတွေနဲ့ပါ နယ်နိမိတ်ချင်းထိဆက်နေပြီး မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။