Connect with us

Hi, what are you looking for?

သတင်း

သားအမိနှစ်ယောက် အမြန်ပြန်ဆုံတွေ့ပါစေဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားထံ AA ဒုစစ်ဦးစီးချုပ် စာပို့ ဆုတောင်းပေး

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။

“ညီအစ်ကိုတို့ရေ(​တော်လှန်ပြည်သူနဲ့​တော်လှန်​ရေးတပ်ဖွဲ့​တွေ)…အားတင်းထားကြပါ။စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်”

— AA ဒုစစ်ဦးစီးချုပ်

ဇွန် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။

ဒေါက်တာညိုထွန်းအောင်ရဲ့ မွေးနေ့ ဆုတောင်းစာကို ကိုထိန်လင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်ဖော်ပြပြီး ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားခဲ့တာပါ။

“အမေ့ကို ပိုချစ်ကြတဲ့ သားတွေထဲက တစ်ယောက်ဖြစ်တဲ့ KIM, လူကြီးမင်းလည်း ကျန်းမာပြီး ပျော်ရွှင်ပါစေ။ အစစ အရာရာ အဆင်ပြေပါစေ။ သားအမိနှစ်ယောက်လည်း အမြန်ဆုံး ပြန်ဆုံတွေ့ကြပါစေလို့ လူသားဆန်ဆန်၊အရိုးခံစိတ် နဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ကျွန်တော့်ကို မိတ်ဆွေစစ်တစ်ယောက်အဖြစ် အမြဲတမ်း မှတ်ယူထားလို့ ရပါတယ်” လို့လည်း ဒေါက်တာညိုထွန်းအောင်က ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

ALAN CLEMENTS ရေးထားတဲ့ “CONVERSATION WITH A DICTATOR” စာအုပ်နဲ့ အဲဒီစာအုပ်မှာ ကိုထိန်လင်းရဲ့ လက်ရေးနဲ့ ရေးပေးထားတဲ့ စာနဲ့ စာရေးသူက ပေးပို့တဲ့စာကို လက်ခံရရှိကြောင်း ဒေါက်တာညိုထွန်းအောင်က ပြန်လည်အကြောင်းပြန်ရင်း မနေ့က ဇွန် ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ ဆုတောင်းစကားပါးစာပြန်ခဲ့တာဖြစ်ပါတယ်။

“လူကြီးမင်းရဲ့ မိခင်ကြီးကို ချစ်ခင်မြတ်နိုးကြတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ သံမဏိနှင်းဆီ ဖြစ်တဲ့ သူမရဲ့ မွေးနေ့အပြီးမှာ လူကြီးမင်းရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ လူကြီးမင်း ရေးလိုက်တဲ့ စာထဲက “IN THE MEANTIME STAY STRONG AND UNITED WE WILL WIN” ဆိုတဲ့ စာသားဟာ ကျွန်တော့်အတွက်တင်မကဘဲ နွေဦးတော်လှန်ရေးက တော်လှန်ပြည်သူတစ်ရပ်လုံးအတွက်ပါ ရည်ညွှန်းတယ်လို့ ခံယူပါတယ်။ဒါကြောင့် လမ်းကြုံခိုက် တော်လှန်ပြည်သူတွေ၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက်လည်း လူကြီးမင်းရဲ့ စကားအတိုင်း ထပ်တူသုံးပြီး အားပေးစကားပြောရရင်တော့ – “ညီအစ်ကိုတို့ရေ… အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့ လူကြီးမင်းရဲ့မိခင် မွေးနေ့မှာ အမှတ်တရစကားပါးချင်ပါတယ်” လို့ ဒေါက်တာညိုထွန်းအောင်ရဲ့ မွေးနေ့ ဆုတောင်းမှာ ရေးသားထားပါတယ်။

တိုင်းပြည် ငြိမ်းချမ်းသွားတဲ့နေ့ကျရင် အာရက္ခမြေရဲ့အလှဆုံးနေရာတစ်ခုခုမှာ ဆုံတွေ့ကြဖို့လည်း ကိုထိန်လင်းကို ဒေါက်တာညိုထွန်းအောင်က ဖိတ်ခေါ်ပါတယ်။

“အခွင့်အခါကြုံရင် ကျွန်တော့်ရဲ့ မွေးနေ့ဆုတောင်းစကားကိုလည်း လူကြီးမင်းရဲ့အမေ့ဆီ အမှာပါးလို့ရရင် ပါးပေးစေလိုပါတယ်” လို့လည်း ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ ဆုတောင်းပေး ၀ိုင်းဝန်းပေးကြသူတွေကို ကျေးဇူးတင်ကြောင်း တုန့်ပြန်ထားပါတယ်။မိခင်ဖြစ်သူ ကို ဆက်လက်သတိရ ဝန်းရံ ပေးနေရုံ သာမက မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု အတွက် အခိုင်အမာ ရပ်တည်ပေးနေကြတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

ကမ္ဘာသိပုဂ္ဂိုလ်ကို စစ်အုပ်စုဖျောက်ဖျက်ထားဝံ့လို့ သောင်းချီတဲ့ နိုင်ကျဉ်းတွေ အလွန်အန္တရာယ်ကြီးဟု သတိပေး