Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်သားသစ် နဲ့ ရဲ​တွေထွက်​ပြေးသူ၊ အလင်းဝင်သူ​တွေရှိ​လာ

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

KIA တပ်ဖွဲ့ဝင်အချို့(ပုံ​ဟောင်းဖြစ်ပါတယ်)

ဇွန်-၂၀၊၂၀၂၆။စိုင်းနောင်/People’s Spring

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

“KIAနဲ့KPDFတွေမြို့ထဲအထိရောက်လာတယ်။တိုက်ပွဲကမြို့ထဲမှာတင်ပြင်းပြင်းထန်ထန်ဖြစ်တယ်။မြို့ပြင်ဘက်ကိုလေကြောင်းကနေ ဗုံးတွေကြဲတယ်။မြေပြင်မှကျ စစ်တပ်ဘက်က ဆုတ်ရပြီး ထွက်ပြေးတာတွေလည်း ရှိတယ်။အခြေအ‌နေက ပိုကြမ်းလာတာ”လို့ ဇွန်လ ၂၀ရက် မနက်ပိုင်း အခြေအနေကို ရွှေကူမြို့ထဲမှာရှိနေသူ တစ်ဦးကပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာရွှေကူမြို့၊ခုံခမ်းရပ်ကွက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးသေနတ်သံတွေ ဆူညံနေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIA ၊KPDFနဲ့ နီးစပ်တဲ့ စစ်‌ ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ရဲနဲ့ စစ်မှုထမ်းသင်တန်းဆင်း စုစုပေါင်း ၁၈ဦး လက်နက်တွေနဲ့အလင်းဝင်လာတယ်လို့ ‌​ပြောပါတယ်။ ဒီဖြစ်စဥ်ဒေသခံတွေမသိကြ‌သေးပဲ People’s Spring ကလည်းအသေးစိတ် ဆက်လက် မေးမြန်း နေဆဲ ဖြစ်ပါတယ်။

အရင်ရက်​တွေက မြို့ပြင်ကိုမထွက်သေးတဲ့ဒေသခံတွေဟာ ဇွန်လ ၁၈ရက်ကစပြီး မြို့အနီးတိုက်ပွဲတွေပိုပြင်းထန်လာလို့ တိမ်းရှောင်ခဲ့တယ်လို့ People’s Spring ကို ပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။

KIAက သတိပေးပြီး နောက်ပိုင်းရွှေကူမြို့ ၄ လမ်းဆုံ၊တော်လှန်ရွာ၊ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာအရပ်သား ၈ ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့သလိုဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉ လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့အရပ်သားလေးဦးသေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေစဉ်စစ်တပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသလိုKIA နဲ့ KPDF ဝတ်စုံတွေနဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်နေကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် – ရွှေကူ KPDF က ဇွန်လ၁၇ရက်နေ့မှာ သတိပေးထားပါတယ်။

ရွှေကူမြို့နယ်အတွင်းစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။