Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံနေချိန် ဖားကန့်မြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရေဘေးဒုက္ခရောက်နေတဲ့ ဖားကန့်ဒေသက ပြည်သူတွေ ထမင်းဗူး လိုက်လံဝေငှနေစဉ်။ ဓာတ်ပုံ - Kyaw Kyaw Aung/FB)

ဇူလိုင်-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကွက်သစ်ဖက်ကိုညနေ ၄နာရီခန့်မှာ ဂျက်ဖိုက်တာ နဲ့ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ လှည့်ပတ်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” နိမ့်နိမ့်လေးဆင်းချလာပြီးပစ်တာ။ ကထန်ဖက်ကို ပစ်တာ။ ဒေသခံတွေလည်း ရှိတာ ဟုတ်တယ်” လို့ လုံးခင်းကျေးရွာမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်မှာ ထိခိုက်မှုတွေရှိ၊မရှိ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဒေသမှာ ဇူလိုင်လလယ်ကစမိုးကြီးပြီး ‌ဒေသခံတွေ ‌ရေဘေးကြုံနေရတာပါ။

မြေပြိုမှုတွေလည်း မကြာခဏဖြစ်ပွားနေပြီး လူထိခိုက်သေဆုံးမှု၊ လမ်းနဲ့အိမ်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဇူလိုင် ၂၁ရက်ကစပြီး မိုးအားလျော့သွားလို့ ရေပြန်ကျလို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဒေသခံတွေက လုပ်ဆောင်နေစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာပါ။

“ဒီရက်တိုက်ပွဲလုံးဝဖြစ်ကိုမဖြစ်တာ။ဘာကို ကြောက်ပြီးလာပစ်တယ်တော့မသိဘူး”လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာဟုမ္မလင်းလေဆိပ်ကို အများဆုံးအသုံးပြုနေပါတယ်။ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း မြို့တွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ဟုမ္မလင်းလေတပ်ရဲ့ အန္တရာယ်ကို အထူးဂရုပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို