Connect with us

Hi, what are you looking for?

သတင်း

ကျောက်ခက်ရွာက ကျားဖြန့်တွေထွက်ခွာဖို့ DKBA အမိန့်ထုတ်ထား

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။

Photo - Open Street Map

ဇူလိုင် – ၂၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ DKBA တို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

နှစ်ဖက်ဆွေးနွေးပွဲမှာ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေမှာ DKBA ကို ပတ်သက်မှုမရှိစေချင်ဘူးဆိုတာကိုပြောဆိုဆွေးနွေးသလိုဝေါ်လေ၊ ကျောက်ခက်၊ ဘုရားသုံးဆူတို့မှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို DKBA နဲ့ ပူးပေါင်းတိုက်ဖျက်ရေးဆွေးနွေးတယ်လို့ စစ်တပ်ကသတင်းထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

မြဝတီမြို့နယ်ထဲကဝေါ်လေ ၊ကျောက်ခက် ဒေသ နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ထဲက ဘုရားသုံးဒေသ ဟာ DKBA ကြီးစိုးရာ နယ်မြေတွေ ဖြစ်ပါတယ်။

စစ်တပ်နဲ့ DKBA တို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်ပတ်အကြာမှာပဲ ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ထိုင်း-မြန်မာနယ်စပ် အနီးက ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွာရွှေ့ပြောင်းသွားကြဖို့ DKBA နယ်မြေခံတာဝန်ရှိသူတွေက အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်ခက်ရွာက ကျားဖြန့်လုပ်ကိုင်နေသူတွေ ပြန်ထွက်ခွာသွားကြပြီလို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုထားပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လေယာဉ်တွေဟာ ကျောက်ခက်ရွာအနီးတဝိုက်မှာ ပျံသန်းခဲ့သလို အနီးကသဲဖြူချောင်းကျားဖြန့်ဝင်းကို အခုရက်ပိုင်းထဲမှာ ဗုံးကြဲသွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒါကြောင့် ကျောက်ခက်ရွာက ကျားဖြန့်လုပ်ကိုင်နေသူတွေကို DKBA က ပြောင်းရွှေ့ခိုင်းလိုက်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

DKBA နဲ့ နီးစပ်တဲ့ အခြားသတင်းရင်းမြစ်တစ်ဦးကတော့ ကျောက်ခက်ရွာကို စစ်တပ်က ဗုံးကြဲမယ်ဆိုတာကြောင့် ရွှေ့ပြောင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်ခက်ကျေးရွာဟာ DKBA ဗဟိုစီးပွားရေးကော်မတီဥက္ကဌ ဗိုလ်ချုပ်စိုင်းကျော်လှ ထိန်းချုပ်တဲ့နေရာပါ။

အမေရိကန်အစိုးရကတော့အမေရိကန်နိုင်ငံသားတွေကိုပစ်မှတ်ထားတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ( ကျားဖြန့်) မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး DKBA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်လေးဦးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊နိုဝင်ဘာလ ၁၂ ရက် မှာဒဏ်ခတ်ပိတ်ဆို့အရေးယူ တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူခံရသူတွေကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ရေးချုပ် ဗိုလ်မှုးကြီး စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်နဲ့ ဗိုလ်မှုးချုပ် စိုင်းကျော်လှ တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံပိုင်နက်ထဲမှာအခြေစိုက်လုပ်ကိုင်နေတဲ့ Tai Chang အမည် ပေးထားတဲ့ ကျားဖြန့် လုပ်ငန်းနဲ့ပတ်သက်ပြီး သတင်းပေးရင် ဒေါ်လာ ၁၀ သန်းထိ ဆုငွေ ချီးမြှင့်မယ်လို့ အမေရိကန် အစိုးရက အခုနှစ် ဧပြီလအတွင်း ကြေညာခဲ့ပါတယ်။

Tai Chang ကျားဖြန့်လုပ်ငန်းရဲ့ တည်နေရာ ကိုဩဒိနိတ်တွေကိုလည်း အမေရိကန်က ထုတ်ပြန်ခဲ့ရာမှာ နှစ် ခုက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ကျောက်ခက်​ဒေသကဖြစ်နေပါတယ်။

DKBA တပ်ဖွဲ့ထဲမှာ ကျားဖြန့် လုပ်ကိုင်နေသူတွေ ရှိသလို မပတ်သက်တဲ့ သူတွေလည်းရှိနေတယ်လို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ်စောစိန်ဝင်းက People’s Spring ကိုဖြေကြားဖူးပါတယ်။

DKBA ဟာ အာဏာသိမ်းစစ်တပ်နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေရှိတဲ့အဖွဲ့ဖြစ်သလို စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတာကို ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။