Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ စစ်မှုထမ်းတပ်သားသစ်တွေပါတဲ့ စစ်တပ်အင်အား ၅၀၀ ခန့် ရောက်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

(ယခုနှစ်ဆန်းပိုင်းက ရန်ကုန်မြို့တနေရာတွင် စစ်မှုထမ်းတပ်သားသစ်များအား ခေါ်ဆောင်လာစဥ်။ ဓါတ်ပုံံ-File Video)

ဇူလိုင် ၃၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်က ရေစကြိုမြို့ကို သင်္ဘောနဲ့စစ်သား ၅၀၀ ခန့် လာရောက်ပို့ဆောင်ခဲ့ပြီး ရေစကြိုအခြေစိုက် ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ အမှတ် -၂၅၆၊၂၅၇၊ ၂၅၈ တပ်ရင်းတွေဆီ ခေါ်ဆောင်သွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

အဲ​ဒီတပ်သားတွေမှာ စစ်မှုထမ်းတပ်သားသစ် တွေ အများဆုံး ပါဝင်နေပြီး တချို့ဟာ အသက်မပြည့်သေးသူတွေပါ ပါဝင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Public Service Announcement

Public Service Announcement

“အသက်ငယ်တာတွေပါတာနဲ့ ကြောက်ရွံ့ထိတ်လန့်နေတဲ့အနေအထားမျိုးတွေတွေရလို့ မြို့ခံတွေက တပ်သားသစ်တွေဖြစ်မယ်လို့ ခန့်မှန်းပြောတာပါ။ လောလောဆယ်တော့ ၂၅၆နဲ့ ၂၅၈ မှာလို့သိရတယ်။ ဘယ်ပို့မယ်မပြောတတ်ဘူး”လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တပ်သားသစ် ၁၀၀ခန့်ကို ရိက္ခာတွေနဲ့အတူ လာသမျှ ကားတွေ ချောဆွဲကာ တပ်ထဲပို့ခိုင်းပြီး ကျန် ၄၀၀ ခန့်က​တော့ ခြေလျင်ခေါ်ဆောင်သွားကြောင်း သိရပါတယ်။ စစ်ကောင်စီအင်အားတွေ ထပ်တိုးလာလို့ ရေစကြိုမြို့ပေါ်မှာ အပြင်ထွက်သူမရှိဘဲ ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုနဲ့ နယ်ချင်းဆက်နေတဲ့ မြိုင်မြို့နယ်မှာတော့ အာဏာသိမ်းစစ်တပ်က မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေပြီး ပြည်သူထိခိုက်သေဆုံးမှုတွေပါ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။