Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမှာ မူးယစ်ဆေးဝါးရောင်းတဲ့အိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ပလဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

(လောင်းလုံးမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းတဲ့အိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းမိအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ - လောင်းလုံးမြို့နယ်)

ဩဂုတ် – ၄၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

စမ်းလှမ်းကျေးရွာက နေအိမ်တစ်အိမ်ကို အမျိုးသား ၄ ဦးပါဝင်တဲ့ အုပ်စုက ဇူလိုင် ၃၀ ရက် ည ၇ နာရီခွဲခန့်မှာ သေနတ်ပြ ခြိမ်းခြောက်ဝင်ရောက်ကာ မိသားစုဝင်တွေကို ဓာတ်ပုံရိုက်ပြီး နေအိမ်အတွင်းက ငွေကြေး၊ ရွှေထည်ပစ္စည်းတွေနဲ့မူးယစ်ဆေးဝါးတွေ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့မှာ ပါဝင်သူ အမျိုးသား ၄ဦးက ပြစ်မှုမကျူးလွန်မီ စမ်းလှမ်းကျေးရွာအနီး မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲခဲ့ပြီး ဝင်ရောက်လုယက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (သံမဏိလိပ်ပြာတပ်ခွဲ) က လိုက်လံစုံစမ်းခဲ့ရာ ဇူလိုင် ၃၁ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကင်း စောင့်/စောင့်ကြည့်တာဝန်ယူခဲ့သူကို တီဇစ်ကျေးရွာ၊ ဖိုးလမော်ရပ်ကွက်တွင် မူးယစ်ဆေးဝါးတွေနဲ့ စတင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်ဓားပြမှုမှာပါ၀င်သူ ၂ဦးကိုလည်း တီဇစ်ကျေးရွာ၊ ဖိုးလမော်ရပ်ကွက်ရဲ့ နေအိမ်တစ်အိမ်မှာ ပုန်းခိုနေချိန် ဩဂုတ် ၁ ရက်က ထပ်မံဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ ဦးဆောင်ကျူးလွန်သူက ဩဂုတ် ၂ ရက်မှာ ဖမ်းဆီးခံခဲ့တာကြောင့်

ဓားပြတိုက်မှုမှာ ပါဝင်သူ ၄ဦးစလုံးကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ဖမ်းဆီးရမိထားတဲ့ ကျူးလွန်သူတွေနဲ့ သက်သေခံပစ္စည်းတွေကို ထားဝယ်ခရိုင် အမှတ် (၁)တပ်ရင်းက လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ စမ်းလှမ်းကျေးရွာနေ အိမ်ပိုင်ရှင် အမျိုးသားဟာ WY မူးယစ်ဆေးဝါးများကို တစ်လုံးကို ကျပ် ၂,၀၀၀ နဲ့ဝယ်ယူပြီး ပြန်လည်ရောင်းချသူဖြစ်ပြီး ဩဂုတ် ၃ရက်က လာရောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့တယ်လို့ ဖော်ပြပါတယ်။

“စမ်းလှမ်းမှာမူးယစ်ဆေးဝါးရောင်းဝယ်သူတွေများကြီးပါ ဆက်လက်စုံစမ်း ထိန်းသိမ်းပါ”လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။

ဓားပြမှုဖြစ်စဉ်ကနေ ကျပ် ၅သိန်း၊ WY မူးယစ်ဆေးပြား ၂၃၀ နဲ့ လက်ကိုင်ဖုန်း ၄လုံးကို သက်သေခံအဖြစ် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျန်‌နေသေးတဲ့ ရွှေထည်ပစ္စည်း၊ငွေသားနဲ့ မူးယစ်ဆေးဝါးတွေ လက်ခံထားသူတွေကိုလည်း ဖမ်းမိဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဖမ်းဖို့ကျန်နေသူအရေအတွက်နဲ့ ဓားပြမှုမှာပါ၀င်ခဲ့တဲ့ လက်နက်နဲ့ပတ်သက်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံလူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

‌လက်ရှိဖမ်းမိထားသူငါးဦးကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။