Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့မှာ မိုးသည်းပြီးမြေပြိုလို့ အိမ်၂လုံးပျက်စီးကာပြည်သူတဦးဒဏ်ရာရ

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(​မြေပြိုမှုဖြစ်ပွားပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ-Parami Health care Foundation)

ဩဂုတ်-၅၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မိုးကုတ်မြို့၊အနောက်ပိုင်း၊ပန်းမရပ်ကွက်၊ပတ္တမြားသျှိုမှာမြေထိန်းနံရံပြိုကျပြီးနေအိမ်တွေထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

“တအိမ်ကတော့လုံးလုံးပိသွားတယ်တဲ့။လူအထိခိုက်မသိရ​သေးဘူး။တအိမ်ကတော့တခြမ်းပဲပါသွားတယ်တဲ့။အခုတ ယောက်တွေ့တယ်။ယောက်ျားလေးပဲ”လို့ ‌‌‌‌‌‌‌‌မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးဆက်တိုက်​ကောင်းနေတာ​ကြောင့်တောင် စောင်းအနီးနဲ့ရေ‌ ချောင်းအနီးနေထိုင်သူ တွေလည်း ဂရုစိုက်နေထိုင်ကြရန် မြို့ခံပရဟိတ အသင်း တွေကလည်း သတိပေးထားတယ်လို့ သိရပါတယ်။

“ပန်းမရပ်ကွက်က တခါမှမပြိုဖူးဘူး။အခုပြိုတယ်ဆိုတော့အန္တရာယ်များတယ်။မိုးကလည်းရွာနေတော့အကုန်ဂရုစိုက်ကြရမှာ”လို့ မြို့ခံတဦးကလည်းပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်၊ဩဂုတ်လမှာလည်း မိုးကုတ်မြို့အနောက်ခြမ်းကမြို့မရပ်ကွက်နဲ့ အောင်သစ်လွင် ရပ်ကွက်တို့မှာ မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် ကလေး တွေအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရေကြီးမှုတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။