Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း၊ရေကြည်-သာ​ပေါင်းအစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

Screenshot

သြဂုတ်-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဩဂုတ်လ ၅ရက်ကနေဩဂုတ်လ ၉ရက်မနက်ပိုင်းအထိ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းသာပေါင်းမြို့နယ်ထဲက သာပေါင်းကလေးရွာနဲ့ ပတ်ဝန်းကျင်ကို စစ်တပ်ကလေယာဉ်နဲ့ ရှစ်ကြိမ်ဗုံးကြဲခဲ့တယ်လို့ ဒေသ‌ခံတွေက ပြောပါတယ်။

” Y12ရော၊ ဂျက်ဖိုက်တာပါလာကြဲတာ။ ရိုးမအစပ်ရွာတွေလည်း ကြဲတယ်။ဒီရက်ထဲတင် နှစ်ဦးသေဆုံးတယ်။ဒီနေ့လည်း ချနေတာပဲ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေကြည်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်မှာ ဇူလိုင်လ ၃၀ ရက်ညက ငဝန်မြစ်ရေကာတာကျိုးလို့ ဧရာဝတီတိုင်းကမြို့နယ်အချို့မှာ အခုရက်ပိုင်းရေဘေးရင်ဆိုင်နေရပါတယ်။လက်ရှိရေဝင်နေတဲ့ ဒေသတွေမှာ ရေကြည်မြို့နယ်လည်း ပါဝင်ပါတယ်။

ဧရာဝတီနဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီးမြေပြင်တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုများနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ဩဂုတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

သာပေါင်း နဲ့ ရေကြည်မြို့နယ်အတွင်းဩဂုတ်လဆန်းကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ကအထိအခိုက် အကျအဆုံးများပြီး တပ်ပျက်တဲ့အထိ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေအတွင်းစစ်သားအလောင်းအချို့နဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ​ဖော်ပြပါတယ်။

ဧရာဝတီတိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေစဉ် စစ်အုပ်စုဒုသမ္မတဦးညိုစောဟာ ဩဂုတ်လ ၅ရက်နေ့က ပုသိမ်မြို့ကိုသွားခဲ့​ပေမယ့် ရေဘေးသင့်‌ဒေသတွေအထိ​တော့မသွားဘဲ ပြန်သွားခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း ဩဂုတ်လ ၈ ရက်နေ့က ပုသိမ်မြို့၊ ဟသာ်တမြို့နဲ့ မအူပင်မြို့​တွေကိုသွား ရောက်ခဲ့ပြီး ‌ရေဘေးသင့်မြို့နယ်အချို့ကို ရဟတ်ယာဉ်နဲ့လိုက်ကြည့်ခဲ့ပါတယ်။

ဒါ​ပေမယ့် ​ရေ​ဘေးသင့်​​နေတဲ့ လေးမျက်နှာမြို့နယ်ကို​တော့ မသွားခဲ့ပါဘူး ။ ဟင်္သာတမြို့နယ် ၊လဟာပရွာကိုသာသွားပြီးလေးမျက်နှာမြို့နယ်က ​ရေ​ဘေးသင့်ပြည်သူ​တွေကို အာဏာသိမ်း​ခေါင်း​ဆောင်က အကူအညီ​တွေ​ပေးအပ်တယ်လို့ စစ်အုပ်စုကသတင်းထုတ်ပြန်ပါတယ် ။ ဟင်္သာတမြို့နဲ့ အနီးဝန်းကျင်​တွေဟာ ​အခုအကြိမ်မှာရေမကြီး​သေးဘူးလို့​ဒေသခံအချို့က​ပြောပါတယ် ။ဟင်္သာတမြို့နယ် ၊လဟာပရွာမှာ​ ​လေးမျက်နှာမြို့နယ်ကရေ​ဘေးသင့်ပြည်သူ​တွေကိုအာဏာသိမ်း​ခေါင်း​ဆောင်က အကူအညီ​ပေးတယ်လို့ထုတ်ပြန်​​ပေမယ့် အဆိုပါ ပြည်သူ​တွေဟာ ​လေးမျက်နှာက ​ရေ​ဘေးသင့်သူ​တွေဟုတ်၊မဟုတ်ကို​တော့ သီးခြားအတည်မပြုနိုင်​သေးပါဘူး။

အာဏာသိမ်း​ခေါင်း​ဆောင်ဟာ ပုသိမ်၊ ဟင်္သာတ၊မအူပင်ကိုရဟတ်ယာဥ်နဲ့သွားတဲ့ဩဂုတ်လ၈ရက်နေ့ ​မှာရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်း၊ပုသိမ်-ဟင်္သာတလမ်းတွေမှာ လုံခြုံရေးအလွန်တင်းကျပ်ခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။ဒါ​ကြောင့် တိုက်ခိုက်ခံရမှာကြောက်လို့ ရေဘေးသင့်ဒေသတွေအထိ စစ်ခေါင်းဆောင်တွေမလာရဲကြဘူးလို့ ဒေသခံတွေကပြောပါတယ်။ဒါ​ကြောင့် ဧရာဝတီတိုင်းမှာ ရက္ခိုင်-ဧရာဝတီအစပ်မြို့နယ်​တွေမှာတိုက်ပွဲတွေဆက်ဖြစ်နေသလို သာ​​ပေါင်းမြိို့နယ်နဲ့ဆက်စပ်​သေအချို့မှာလည်းရေဘေးလည်းဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။