သြဂုတ်-၁၁၊၂၀၂၆။ကဖေး၊ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။
မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာမှာ ဩဂုတ်လ ၁၁ရက်ကတိုက်ပွဲဖြစ်နေတာပါ။
“မြို့နားမှာတော့ချနေပြီ။တအုန်းအုန်းပဲ။လေကြောင်းမလာဖို့ပဲဆုတောင်းနေရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားတာပါ။ မိုးမိတ်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေလည်း တပ်စွဲထားပါတယ်။

Public Service Announcement
ကချင်စစ်ရေးရင်းမြစ်တဦးကတော့”ဒီကနေ့မွန်းလွဲပိုင်းနှစ်နာရီဝန်းကျင်ကနေစပြီးတော့ TNLA ဘက်ကနေစစ်ကောင်စီကိုပြန်လည်လက်လွှဲခဲ့တဲ့ မိုးမိတ်မြို့အပြင်ဘက်မှာ KIA တပ်မဟာ ၄ရဲ့လက်အောက်မှာရှိတဲ့ တပ်ရင်း ၃၄ နဲ့ အကြမ်းဖက်စစ်တပ်တွေ တိုက်ပွဲတွေပြန်လည်စတင်ဖြစ်ပွားနေပြီလို့တော့ကနဦးသိရှိရပါတယ်။”လို့ ပြောပါတယ်။
ဒီကနေ့တိုက်ပွဲပြန်ဖြစ်တာဟာ စစ်တပ်ဘက်က KIA ထိန်းချုပ်ဒေသကို မြေပြင်ကနေရော ၊ဝေဟင်ကပါ ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။
”မိုးမိတ်မြို့ပြင်မှာရှိတဲ့ KIA တပ်စခန်းရှိရာကို စစ်တပ်ဘက်ကထိုးစစ်ဆင်လာလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ကြားသိရပါတယ်။ စစ်တပ်ဘက်ကလေကြောင်းကနေရောတိုက်ခိုက်နေလို့တော့ကြားသိရပါတယ်။”လို့ သတင်းရင်းမြစ်ကပြောပြပါတယ်။
“ညောင်နီရွာကိုစစ်တပ်ကဖယ်ခိုင်းနေတယ်။ မိုးမိတ်မှာတိုက်ပွဲတကျော့ပြန်ဖြစ်မယ်ထင်တယ်။သတိနဲ့ နေကြစားကြဖို့ပဲရှိမယ်”လို့မြို့ခံတဦးကပြောပါတယ်။
တိုက်ပွဲသတင်းကိုအသေးစိတ်မသိရသေးသလို သီးခြားမှတ်ချက် မပြောနိုင်သေးပေမယ့်ဒေသခံတွေလေကြောင်းအန္တရာယ်သတ်ပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။
“စစ်ကောင်စီတပ်ကတော့ အရပ်သားပစ်မှတ်တွေပါ ပစ်နေတာကို သင်ခန်းစာယူပြီး သတိနဲ့ နေကြဖို့ လိုပါတယ်”လို့ဗိုလ်မှူးကြီးနော်ဘူကသြဂုတ်၁၁ရက်ညနေ ၃နာရီခန့်မှာ People’s Spring ကို ပြောပါတယ်။
KIA နဲ့ အာဏာသိမ်းစစ်တပ်ဟာလတ်တလောမှာ ကချင်ပြည်နယ်မှာ ရွှေကူမြို့နယ်၊ တနိုင်းမြို့နယ်မှာ တို့မှာတိုက်ပွဲဖြစ်ပွားနေပါတယ်။ ခေါင်းလန်ဖူး၊ ဖားကန့်၊ ဗန်းမော်စတဲ့မြို့နယ်တွေမှာလည်း ဇူလိုင်လအတွင်းတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
မိုးမိတ်မြို့နဲ့ဆက်စပ်နေတဲ့မဘိမ်းမြို့နယ်မှာလည်းပြီးခဲ့တဲ့ဇူလိုင်လကစပြီးစစ်ရေးတင်းမာနေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ၂၈ရက်နဲ့ ဩဂုတ်လ ၆ရက်မှာ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့အရပ်သား ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကသိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူမိုးကုတ်မြို့ကိုတရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်စစ်တပ်ကို၂၀၂၅ အောက်တိုဘာလမှာ TNLAက ပြန်လွှဲပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းနှစ်မြို့နယ်လုံးမှာ စစ်တပ်ကို PDF၊ပကဖ နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို၂၀၂၅ နိုဝင်ဘာလ (၉) ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာလ (၃၀) ရက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။ဒါပေမယ့် မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDF ပူးပေါင်းတပ်တွေက မိုးကုတ်ရော ၊မိုးမိတ်မြို့တွေကနေဆုတ်ခွာခဲ့ရပါတယ်။


















































