Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့အနီးတိုက်ပွဲ စစ်တပ်၂ရက်ဆက်လေကြောင်းသုံးတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သြဂုတ်-၁၂၊၂၀၂၆။ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

မိုးမိတ်မြို့ နဲ့ ၂မိုင်ခန့်အကွာညောင်နီရွာမှာဩဂုတ်လ ၁၁ရက်နေ့လယ်၁နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ပွား​နေတာပါ ။

“မနက်အစောကြီးကတည်းက လက်နက်ကြီးသံတွေကြားရတာ။ မြို့ထံကနေပါ လှမ်းပစ်နေတာ။ဂျက်ဖိုက်တာကမနက် ၁၀နာရီမှာလာကြဲတာ။တိုက်ပွဲက ပိုပြင်းထန်လာလို့အနီပတဝန်းကျင်က ဒေသခံတွေ ရှောင်ရတော့မယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၂ ရက်မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းက‌နေ ဗုံးသုံးလုံးကြဲချပြီး နောက်ထပ် ဂျက်ဖိုက်တာရော ရဟတ်ယာဉ်ပါထပ်မံပျံသန်းနေပါတယ်။

ယခုတစ်ကြိမ်ဖြစ်တဲ့တိုက်ပွဲဟာ မိုးမိတ်မြို့အနီးမှာ တပ်စွဲထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စခန်းကို တိုက်ခိုက်ဖို့နဲ့ မတိုက်ရင်ဖယ်ပေးဖို့စစ်တပ်ကရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)ကိုဖိအားပေးတာကနေ စတင်တာလို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။

” KIAကိုမတိုက်ရင်မင်းတို့လည်းမနေနဲ့ ဆိုပြီး SSPPကိုစစ်တပ်ကဖိအားပေးတာ။စစ်တပ်က စပစ်တာ။အဲ့ဒီကနေတိုက်ပွဲဖြစ်နေတာ။KIA နဲ့လည်းဖြစ်တယ်။SSPPနဲ့လည်းဖြစ်နေတယ်”လို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ သြဂုတ် ၁၁ ရက်မှာ လေကြောင်းတိုက်ခိုက်မှု​ကြောင့် အရပ်သားထိခိုက်မှုတွေရှိတယ်လို့ လည်း ​ဒေသခံအချို့က​ပြောပါတယ်။

“ရဟတ်ယာဉ်နဲ့ပတ်ပြီး စက်သေနတ်နဲ့ပစ်တာပါ။ အဲဒီလိုပစ်တာတစ်ခါမှကိုမမြင်ဖူးဘူး။ ထိတဲ့အထဲ ဘုန်းကြီးတစ်ပါး ပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

SSPP/SSA ဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ(FPNCC)မှာ ပါဝင်ပြီးစစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို ရောက်နေပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့ပတ်သက်လို့SSPP/SSA ကသတင်းမထုတ်ပြန်သေးပါဘူး။

KIAကတော့ဒေသခံတွေလေကြောင်းအန္တရာယ်သတိပြုကြဖို့ သတိပေးထားပါတယ်။

” စစ်ကောင်စီတပ်ကတော့ အရပ်သားပစ်မှတ်တွေပါ ပစ်နေတာကို သင်ခန်းစာယူပြီး သတိနဲ့ နေကြဖို့ လိုပါတယ်”လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သြဂုတ် ၁၁ ရက်မှာ သတိပေးထားပါတယ်။

မိုးမိတ်မြို့ဟာ၁၀၂၇စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မဟာမိတ်​တွေကသိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ အတူ မိုးမိတ်မြို့၊မိုးကုတ်မြို့​တွေကို ၂၀၂၅ ခုနှစ်၊အောက်တိုဘာလမှာTNLA ကပြန်လွှဲပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းနှစ်မြို့နယ်လုံးမှာ ပြန်ဝင်လာတဲ့ စစ်တပ်ကို PDF ၊ပကဖ နဲ့ မဟာမိတ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)စစ်ရုံးချုပ်ကမိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကိုနိုဝင်ဘာလ (၃၀) ရက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။ဒါပေမယ့် မတ်လဆန်းထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေက နှစ်မြို့စလုံးကနေဆုတ်ခွာခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်း စစ်တပ်က မြို့ထဲမှာ တပ်စွဲထားတာပါ။မိုးမိတ်မြို့နယ်ထဲမှာ KIA၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် SSPP/SSA လည်း တပ်စွဲထားပါတယ်။

စစ်တပ်ဘက်ကဝါဒဖြန့် တယ်လီဂရန်​တွေက​ညောင်နီရွာနားက KIA နဲ့ PDF စခန်း​ကို စစ်တပ်က ​လေ​ကြောင်း ၊လက်နက်ကြီး​တွေသုံးပြီးတိုက်ခိုက်ခဲ့တယ်လို့ ​ရေးသားဝါဒဖြန့်​နေပါတယ်။

ဒါ​ပေမယ့် ကချင်​ဒေသတိုက်ပွဲ​တွေနဲ့ပတ်သက်ပြီး သတင်း​တွေ ​​ဖော်ပြ​ပေး​နေတဲ့ လူမှုကွန်ယက်စာမျက်နှာအချို့ကညောင်နီရွာအနီးဝန်းကျင် တိုက်ပွဲ​တွေဟာစစ်တပ်နဲ့ SSPP/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုနေတယ်လို့​ရေးသား​​နေတာကို​တွေ့ရပါတယ်။တိုက်ပွဲ​တွေမှာစစ်တပ်ဘက်က အရာရှိ​တွေ​သေဆုံးမှု​တွေရှိပြီး ​လေ​ကြောင်းက​နေ ဗုံးကြဲ​နေတယ်လို့လည်း​ရေးသားထားပါတယ် ။

လက်ရှိမှာ မိုးမိတ်မြို့နဲ့ ဆက်စပ်နေတဲ့ မဘိမ်းမြို့နယ်အပြင်ကချင်ပြည်နယ်ထဲမှာပါဝင်တဲ့ ရွှေကူမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ KIA စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook