သြဂုတ် ၁၇၊ ၂၀၂။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁၇ ရက် ညနေပိုင်းက အမရပူရမြို့နယ်၊တောင်ကြီးတိုက်နယ်၊ တောင်ကြီးရပ်ကွက်မှာ ရေတိုးရေ၀င်နေတဲ့ကြားက သစ်ပင်အိုကြီး ပြိုလဲကျခဲ့ကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းက အသိပေးပါတယ်။
အဲဒီသစ်ပင်လဲကျမှုကြောင့် နေအိမ်ထိခိုက်မှုမရှိပေမဲ့ သစ်ပင်အနီးရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေဖြစ်တဲ့ အသက် (၂၅)နှစ်အရွယ်သမီးဖြစ်သူ နဲ့ (၅၄) နှစ်အရွယ် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“နှစ်ယောက်က အပင်ကြားထဲပိသွားတာ။ ဒဏ်ရာတော့ရသွားတယ်။ ရေကြီးနေတဲ့အချိန်ကျမှ သစ်ပင်က ပြိုလဲလာတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးကို လူမှုကူညီရေးအသင်းကနေ အမရပူရဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ အမရပုရ၊ ပုသိမ်ကြီးမြို့နယ်တွေမှာ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ် ရေကြီးနေပြီး ကျေးရွာအချို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သတင်းရရှိပါတယ်။


















































