Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းကထွက်ခွာတဲ့ စစ်တပ်ယာဉ်တန်း အရပ်သားကုန်တင်ယာဉ်တွေကို ဒိုင်းကာအဖြစ်အသုံးပြု

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ယာဉ်တန်းဟာ ဒီကနေ့ အောက်တိုဘာ ၁၂ရက် မနက်မှာ မိုးညှင်းကနေ မြစ်ကြီးနားမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း တနေရာမှာတွေ့ရတဲ့ စစ်တပ်ယာဉ်တန်း။ ဓာတ်ပုံ - Kachin News Group)

အောက်တိုဘာ ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ယာဉ်တန်းဟာ ဒီကနေ့ အောက်တိုဘာ ၁၂ရက် မနက်မှာ မိုးညှင်းကနေ မြစ်ကြီးနားမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေးမြို့ကနေ ထွက်ခွာလာတဲ့ ယာဉ်အစီးရေ ၁၃၀ ကျော်ပါ စစ်တပ်ယာဉ်တန်းဟာ အောက်တိုဘာ ၁၁ရက်ညပိုင်းက မိုးညှင်းမြို့ကို ဝင်ရောက်ကာ ဒီကနေ့ မနက် ၆နာရီခွဲလောက်မှာ မိုးညှင်းမြို့ကနေ ဟိုပင်မြို့ဘက်ကို ဆက်လက်ထွက်ခွာခဲ့တာလို့ဆိုပါတယ်။

အဲဒီလို ထွက်ခွာရာမှာ အရပ်သား ကုန်တင်ယာဉ်တွေကို ဦးစွာ ထွက်ခွာခိုင်းတာဖြစ်ပြီး အရပ်သားယာဉ်တွေကို ဒိုင်းကာသဖွယ် အသုံးပြုတဲ့ သဘောဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ယာဉ်တန်းမှာပါတဲ့ ယာဉ်တွေထဲမှာ အစီးရေ ၅၀ လောက်က စစ်တပ်အင်အားတွေ လိုက်ပါလာတာဖြစ်ပြီးကျန်တာတွေကတော့ ရိက္ခာ၊ လူသုံးကုန်ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စစ်ကိုင်းတိုင်း ကသာမြို့ အဝင်မှာ တိုက်ခိုက်ခဲ့ရာ ယာဉ်အချို့ မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

မိုးညှင်းမြို့ကနေ ဆက်လက်ထွက်ခွာစဉ် ယာဉ်တန်း တိုက်ခိုက်မှု ကြုံရနိုင်ခြေရှိမရှိ ကိုတော့ သတင်းရင်းမြစ်က အသိပေးခြင်းမရှိပါဘူး။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာဖြစ်ပြီး စက်တင်ဘာလဆန်းကလည်း ရေကြောင်းကနေ သင်္ဘောအများအပြားနဲ့ စစ်အင်အားဖြည့်ဖို့လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗန်းမော်နဲ့ ရွှေကူအကြား ရေလမ်းကြောင်းမှာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှု ခံရလို့ စစ်ကောင်စီတပ် သေဆုံးထိခိုက်တာ၊ စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးခံရတာ၊ သင်္ဘောတွေ မီးလောင်ပျက်စီးနစ်မြုပ်တာတွေရှိခဲ့ပါတယ်။

လက်ရှိ ကချင်ဒေသ ဗန်းမော်၊ ရွှေကူ စစ်မျက်နှာတွေနဲ့ ရှမ်းမြောက် မိုးမိတ်ဒေသတွေမှာလည်း KIAနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook