Connect with us

Hi, what are you looking for?

သတင်း

SCEF အခန်းကဏ္ဍ နိုင်ငံတကာသိရှိရေးနဲ့ စစ်အုပ်စုတရားဝင်မှု ရရှိရေး ကြိုးပမ်းမှု တားဆီးနိုင်ရေး နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံမှာဆောင်ရွက်ခဲ့ဟု CRPH ထုတ်ပြန်

နိုင်ငံတကာ ပါလီမန်များ အဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရပ်တည်ချက်များ၊ ရည်မှန်းချက်များနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတကာ ပါလီမန်များ အဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရပ်တည်ချက်များ၊ ရည်မှန်းချက်များနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

တန်ဇန်းနီးယားနိုင်ငံ၊ အားရူးရှားမြို့မှာ အောက်တိုဘာ ၅ရက်ကနေ ၉ရက်အထိ ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရာ စစ်ကောင်စီကို ဘက်ပေါင်းစုံက တိုက်ခိုက်ဖို့ စုCRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကချင် KIO၊ ကရင် KNU၊ ချင်း CNF ၊ ကရင်နီ KNPP တို့နဲ့ စုဖွဲ့ထားတဲ့ SCEF ရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာ သိရှိရေး ကြိုးပမ်းမှု အခြေအနေကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်နေမှု၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေပြုရေးတာဝန်အသီးသီးကို ထမ်းဆောင်နေတဲ့ အပိုင်းများ၊ CRPHနဲ့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေးကိစ္စတို့ကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခြားတစ်ဖက်မှာလည်း စစ်အုပ်စုက ၎င်းတို့ရဲ့ အတုအယောင်ရွေးကောက်မှတစ်ဆင့် ပုံဖော်ဖန်တီးထားတဲ့ တရားမဝင် လွှတ်တော်၊ အစိုးရ ယန္တရားများကို နိုင်ငံတကာအသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေမှုကို တားဆီးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရေး၊ နဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိနိုင်ရေးတို့ကို အဓိက ဆောင်ရွက်ခဲ့ကြောင်း အသိပေးပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်နဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတို့သို့ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အမှုဆောင်ကောင်စီအစည်းအဝေးမှာ CRPHကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)ရဲ့ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားမှုအား ဆက်လက်ထားရှိရန် အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ညီလာခံသို့ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့လည်း သီးခြားစီတွေ့ဆုံကာ မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ကူညီဆောင်ရွက်မှုများနဲ့ ထောက်ခံကူညီပေးဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အောက်တိုဘာ ၈ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံကာ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...

Trending

Facebook