Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံပြန်တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ SCEFနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ကူညီဆောင်ရွက်မှုများနဲ့ ထောက်ခံကူညီပေးဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ကူညီဆောင်ရွက်မှုများနဲ့ ထောက်ခံကူညီပေးဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးကော်မတီ (ဒုတိယကော်မတီ) ရဲ့ ဘာသာရပ်အစီအစဉ် (၁၈) အောက်ရှိ မြို့ပြအစီအစဉ်သစ် အကောင်အထည်ဖော်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေးနဲ့ ကုလသမဂ္ဂ လူသားအခြေချနေထိုင်မှုအစီအစဉ် အားကောင်းစေရေးတို့နဲ့ ပတ်သက်တဲ့ အထွေထွေမူဝါဒရေးရာဆွေးနွေးမှုအစီအစဉ်မှာ ဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့တာပါ။

အဲဒီ အထွေထွေမူဝါဒရေးရာဆွေးနွေးမှုကို အောက်တိုဘာ ၇ရက်နဲ့ ၉ရက်တို့မှာ ပြုလုပ်ခဲ့ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၉ရက်နေ့မှာ မိန့်ခွန်းပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

သံအမတ်ကြီးရဲ့ မိန့်ခွန်းမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ အဘက်ဘက် ဆုတ်ယုတ်ကျဆင်းနေရမှု အခြေအနေတွေကို အသိပေးပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာကော်မတီ (CDP) ရဲ့ ၂၀၁၈သုံးသပ်ချက်အရ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ(LDCs) အဆင့်မှ လွတ်မြောက်ဖို့ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် (၃) ရပ်စလုံးကို ပထမဆုံးအကြိမ် ပြည့်မီခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် လွတ်မြောက်ရေးလုပ်ငန်းစဉ်မှာ သိသိသာသာထိခိုက်ပြီး ဆုတ်ယုတ်မှုများ ဖြစ်ခဲ့ရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အဲဒီအချိန်ကစပြီး နေရပ်စွန့်ခွာသူအရေအတွက်မှာ (၄) သန်းကျော်အထိ မြင့်တက်ခဲ့သလို နေအိမ်ပေါင်း တသိန်းနှစ်သောင်းကျော် တရားမဝင် အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ အသိပေးပါတယ်။

ကုလသမဂ္ဂလူသားအခြေချနေထိုင်မှုအစီအစဉ် (UN-Habitat) ရဲ့ ဖော်ပြချက်အရ နေရပ်စွန့်ခွာသူအရေအတွက် မြင့်တက်လာခြင်းကြောင့် မြို့ပြဒေသများသို့ ရွှေ့ပြောင်းနေထိုင်မှု များပြား လာခဲ့ရာ စနစ်တကျအခြေချနေထိုင်မှုမဟုတ်သော နေထိုင်သူများ များပြားလာတာကြောင့် အခြေခံ ဝန်ဆောင်မှုများနဲ့ အခြေခံအဆောက်အအုံများအပေါ် ဝန်ထုပ်ဝန်ပိုး ကြီးမားစေခဲ့တယ်လို့လည်း သံအမတ်ကြီးရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။

နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ နိုင်ငံအဆင့်သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုသတ်မှတ်မျဉ်းအောက်မှာ နေထိုင်ရနေကြရသလို ကျောင်းနေအရွယ် ကလေးသူငယ်နဲ့ လူငယ် ၆သန်းကျော် ကျောင်းပညာ သင်ကြားနိုင်ခြင်းမရှိတဲ့ အခြေအနေကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် တရားမဝင်စစ်အာဏာသိမ်းမှု နောက် ပိုင်းမှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုများကြောင့် ၂၀၂၄ ခုနှစ် (၃)နှစ် (၁)ကြိမ် သုံးသပ်ချက်တွင်လည်း ဆုံးဖြတ်ချက်ပေးရန် ထပ်မံရွှေ့ဆိုင်းခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီလို ရွှေ့ဆိုင်းခံရခြင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှလွတ်မြောက်ရေး နှောင့်နှေးလာရခြင်းနဲ့ ပဋိပက္ခများဖြစ်ပေါ်စေရခြင်းတို့မှာ တရားမဝင်စစ် အာဏာသိမ်းမှုကြောင့်ဖြစ်တာ ထင်ရှားကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ မဟာမိတ် ဒီမိုကရေစီအင်အားစုတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) အောက်မှ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများအား တစ်ဦးတစ်ယောက်မျှ ချန်မထားဘဲ ပံ့ပိုးပေးနိုင်ရေး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း သံအမတ်ကြီးက ပြောကြားပြီး ထောက်ခံ ကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာ ပါလီမန်များ အဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရပ်တည်ချက်များ၊ ရည်မှန်းချက်များနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ​သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အောက်တိုဘာ ၈ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံကာ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

Trending

Facebook