နိုဝင်ဘာ – ၁၅ ၊၂၀၂၆
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲကရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့တံတားတစ်စင်းအောက်မှာလည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၃ ရက် ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီခန့်မှာအမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၁၄၈/၄အနီးရှိ တံတားအောက်မှာ အမျိုးသမီးရုပ်အလောင်းကို ဒေသခံအမျိုးသားတစ်ဦးက စတင်တွေ့ရှိပြီးနောက် လူမှုကူညီရေးအသင်းတွေဆီအသိပေးဆက်သွယ်ခဲ့တာပါ။
သေဆုံးသူအမျိုးသမီးကအသက် ၂၀ အရွယ်ခန့်သာရှိသေးပြီးအလောင်းမှာပြင်ပဒဏ်ရာအနေနဲ့ လည်ပင်းပြတ်ရှဒဏ်ရာသာတွေ့ခဲ့ရတာလို့သိရပါတယ်။

Public Service Announcement
“ကောင်မလေးကိုယ်ပေါ်မှာဝတ်ထားတဲ့ဆွဲကြိုးနဲ့ လက်စွပ်တို့တော့ယူမသွားပါဘူး ၊သေနေတာတော့ ကြာနေပြီ ထင်တယ် “ လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
သေဆုံးသူအမျိုးသမီးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။
ရုပ်အလောင်းကိုတွေ့ရှိချိန်မှာမျက်နှာအနည်းငယ်ပျက်ယွင်းနေပြီးအလောင်းကိုရင်ခွဲစစ်ဆေးဖို့ တောင်ငူဆေးရုံရင်ခွဲရုံဆီပို့ထားတယ်လို့သိရပါတယ်။




















































