Connect with us

Hi, what are you looking for?

သတင်း

KIA နဲ့ပူး​​ပေါင်းတပ်က မိုးမိတ်-တွင်းငယ်ကြား ကင်းချောင်းစခန်းသိမ်းပိုက်နိုင်မှု စစ်​ရေးအရအ​ရေးပါ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ပူးပေါင်းတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ဒေသကြားကစစ်တပ်ရဲ့ကင်းချောင်းစခန်းသိမ်းပိုက်နိုင်မှုဟာစစ်ရေးအရအရေးပါပြီး စစ်တပ်ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ထားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ-၂၁၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ပူးပေါင်းတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ဒေသကြားကစစ်တပ်ရဲ့ကင်းချောင်းစခန်းသိမ်းပိုက်နိုင်မှုဟာစစ်ရေးအရအရေးပါပြီး စစ်တပ်ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ထားနိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၁၉ရက်မှာ တွင်းငယ်နဲ့ မိုးမိတ်ကြားက ကင်းချောင်းစစ်တပ်စခန်းကို KIA ၊PDF နဲ့ပူး​ပေါင်းတပ်​တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။

“ကင်းချောင်းစခန်းကအခုမှသိမ်းတာပါ။ အဲဒီအထက်နားကသစ်ဆိမ့်ကုန်းဆိုတဲ့ဟာတွေ ကျနော်တို့ သိမ်းထားပြီးပါပြီး။ကင်းချောင်းစခန်းကတော့ပိုပြီးမှကြီးတာပေါ့”လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေဟာ တွင်းငယ်-မိုးမိတ်စစ်တပ် ထောက်ပို့ရေးလမ်းကြောင်းပေါ် တည်ရှိတာဖြစ်လို့ အဲဒီ စခန်းတွေသိမ်းနိုင်တာဟာရန်သူရဲ့ စစ်အင်အားဖြည့်တင်းမှု၊ကားလမ်းကနေ အခြားထောက်ပို့မှုတွေကို ဖြတ်တောက်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြေပြင်သတင်းရင်းမြစ်တဦးကလည်း”ကင်းချောင်းက မိုးမိတ်မြို့နဲ့ပိုနီးတယ်။ စစ်တပ်က မိုးမိတ်မြို့ထဲအထိဆုတ်နေတယ်။ အဲဒီစခန်းက ကောင်တွေ သေဆုံးတာများသလို ကျန်တဲ့ကောင်တွေက လက်နက်တွေထားပြီးထွက်ပြေးတာ”လို့ ပြောပါတယ်။

စစ်တပ်ဟာစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဆန်းမှာ မိုးမိတ်ကို စစ်အင်အား တထောင်ခန့်ဖြည့်တင်းပြီး ထိုးစစ်ဆင်လို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။

အထူးသဖြင့် မိုးမိတ် -မြစ်ဆုံ မဘိမ်းလမ်းကြောင်းမှာတိုက်ပွဲ တလကျော်ကြာပြီဖြစ်ပါတယ်။စစ်တပ်ရဲ့ထိုးစစ်အစမှာ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်း မြို့နဲ့ ၁၀မိုင်အကွာအထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်နိုင်ခဲ့ပေမဲ့ နိုဝင်ဘာပထမပတ် KIA ပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ်မှာ စစ်တပ်တွေအထိနာကာ မိုးမိတ်မြို့အနီးထိ တပ်ဆုတ်ရလို့ လက်တလောမှာ မိုးမိတ်-မြစ်ဆုံကြား ၄မိုင်၊ ၅မိုင်၊ ၆မိုင် နေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

KIA နဲ့ပူး​ပေါင်းတပ်ကနယ်မြေရှင်းလင်းရေးလုပ်​နေစဥ်တိုက်ပွဲတွေဆက်ဖြစ်နေသလိုပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်တပ်ယာယီအခြေပြု စခန်းအချို့ကိုလည်း KIAပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပါတယ်။

KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေဟာ မိုးမိတ်၊ ကချင်-စစ်ကိုင်းအစပ် ဒေသနဲ့ ခေါင်လန်ဖူးဒေသ၊ ဗန်းမော်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ စစ်တပ်က စစ်မျက်နှာတိုင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရတာလို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

Facebook