Connect with us

Hi, what are you looking for?

သတင်း

ကောလင်းအရှေ့ခြမ်းမှာ စစ်တပ်သတ်ဖြတ်ခဲ့တဲ့ပြည်သူ၁၅ဦးရုပ်အ​လောင်း​တွေ့ရှိ

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ကလမ်းတလျှောက်ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာပြည်သူ၁၅ ဦးရဲ့ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။

(​ကောလင်းမြို့နယ်မှာ စစ်တပ် စစ်​ကြောင်းထိုးလို့ ထွက်​ပြေး​နေတဲ့ပြည်သူ​တွေ။ဓါတ်ပုံ-Kawlin Info)

နိုဝင်ဘာ-၂၃၊၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ကလမ်းတလျှောက်ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာပြည်သူ၁၅ ဦးရဲ့ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။

ကောလင်းမြို့နယ်အ ရှေ့ခြမ်း၊ညောင်ပင်သာရွာကအမျိုးသမီးတဦးအပါအဝင် ၄ဦး၊ဂွေ့ကုန်းမှာ၃ ဦး ၊ ဥတုံးပင်ရွာနဲ့ တောင်ပုံရွာတို့မှ ပြည်သူ ၈ဦး စုစုပေါင်းပြည်သူ ၁၅ဦးရဲ့ရုပ် အလောင်းတွေကို နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန် မှာ တွေ့ထားတယ်လို့သိရပါတယ်။

“နိုဝင်ဘာ၂၀ က စကစ စစ်ကြောင်းထွက်သွားပြီဆိုမှ ကျွန် တော်တို့ နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန်တွေ့တာပေါ့။တချို့အလောင်းတွေက ဘယ်သူ၊ဘယ်ဝါများကို မပြောတက်သေးဘူး။တောင်ပုံနဲ့ ဥတုံးပင်က ရွာကပ်လျက်ဆို တော့အဲဒီမှာ လူအ‌​လောင်း ၈ ဦး တွေ့တာ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီစစ်​ကြောင်းဟာကောလင်း၊ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်က တပ်မ(၃၃) လက်​အောက်ခံတပ် တွေပေါင်းပြီး ကောလင်းမြို့နယ်အ ရှေ့ခြမ်းကို နိုဝင်ဘာလပထမပတ်က စတင် စစ်ကြောင်းထိုးခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာရွှေဘို- မြစ်ကြီးနားလမ်းအတိုင်းစစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာကန့်ဘလူမြို့နယ်၊စပ်တပေါက်ကနေဗျူဟာလမ်းအတိုင်းခင်ဦး မြို့နယ်ဘက်ကို ထွက်နေတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကြောင်းတလျှောက် တော်လှန်ရေး တပ် တွေကခုခံတိုက်ခိုက်​နေပြီး စစ်အုပ်စု​သေဆုံးထခိုက်မှုများခဲ့တယ်လို့ ​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။စစ်တပ်က​တော့ ​ရွှေဘို-မြစ်ကြီးနားလမ်းတ​လျှောက်ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားရင်း စစ်​ကြောင်း​တွေထိုးပြီး ​စစ်​ကြောင်းတ​လျှောက်​တွေ့တဲ့ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်​နေပါတယ်။ ​တော်လှန်​ရေးတပ်​တွေနဲ့တိုက်ပွဲ​တွေမှာ​တော့ စစ်တပ်စစ်​ကြောင်း​တွေ အထိနာ​နေပြီး မကြာခဏ စစ်ဦးကျိုး​နေတယ်လို့ PDF အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook