နိုဝင်ဘာ-၇၊၂၀၂၆။People’s Spring
အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၈ နှစ်ပြည့်မွေးနေ့ မှာ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သူနဲ့အတူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ AA ဒုတပ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် တို့ သုံးဦး အချိုပွဲစားရင်းစကားလက်ဆုံကျနေတဲ့ဓါတ်ပုံပေါ်မှာ “Happy Birthday”လို့ ရိုးရိုးရှင်းရှင်းမွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။
အာရက္ခတပ်တော်ရဲ့ ဒုတပ်မှူးချုပ်၊ တပ်မှူးများနဲ့ရဲဘော်ရဲဘက်များကလည်း “တပ်မှူးချုပ်ရဲ့စိတ်ထဲရှိနေတဲ့ ဆန္ဒတွေ တစ်ခုပြီးတစ်ခု အကောင်အထည်ပေါ်လာနိုင်ပြီးတော့ အာရက္ခပြည်သူတစ်ရပ်လုံး မျှော်မှန်းချက်ဆန္ဒတွေလည်း သိပ်မကြာခင် ပြည့်နိုင်ဖို့ အပြည့်အဝ ယုံကြည်ပါတယ်။ အာရက္ခဒေသ နဂိုနေရာမှန်သို့ အမြန်ဆုံးရောက်ရှိနိုင်ဖို့ တပ်မှူးချုပ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကျနော်တို့အားလုံး အတူတူ ဆက်ပြီးကြိုးစားသွားကြရအောင်”လို့မွေးနေ့ဆုမွန်တောင်းပေးထားပါတယ်။

Public Service Announcement
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကွပ်ကဲရေးမှူးကိုဆောင်းခ အပါအဝင် တော်လှန်ရေးတပ်အသီးသီးကခေါင်းဆောင်တွေ၊တာဝန်ရှိသူတွေက AA တပ်မှူးချုပ်ရဲ့ နိုဝင်ဘာ၇ ရက်မှာကျရောက်တဲ့ ၄၈ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုမွန်အသီးသီးတောင်းဆိုကြာတာကိုလည်းတွေ့ရပါတယ်။





















































