■စစ်တွေမြို့နယ် အမြင့်ကျွန်းနဲ့ ရွှေမင်းဂံရေတပ်စခန်းအနီး တိုက်ပွဲပြင်းထန်နေ
■ဒဏ်ရာရစစ်သားတွေကိုစစ်ဆေးရုံအပြင် စစ်တွေပြည်သူ့ဆေးရုံမှာပါပို့ဆောင်ကုသ
နိုဝင်ဘာ-၅၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကမ်းထပ်တက်ဖို့ သုံးကြိမ်မြောက် ထပ်ကြိုး စားတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးမအောင်မြင်ဘဲ သေဆုံးထိခိုက်မှုများစွာနဲ့ နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၃ ရက်နေ့ကတည်းက ငပြီကျွန်းပေါ်ကို ထပ်မံကမ်းတက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ် ။ဒါပေမယ့် ကျွန်းပေါ်တက်၊ ခြေကုတ်စခန်းချနိုင်တာမရှိဘဲ ကမ်းစပ်မှာပဲ အာရက္ခတပ်တော်(AA)ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အထိနာနေတာလို့ စုံစမ်းသိရပါတယ်။
“အပေါ်မှာ စစ်တပ်မရှိတော့ဘူး၊ နောက်တကြိမ်ထိုးစစ်ထပ်လုပ်တာ။အခုလည်း ကိုယ့်လူတွေ အသည်းအသန် လိုက်ချနေတော့ အပေါ်တက်လို့ မရဘူး။ ညနေတိုင်း လှေတွေနဲ့ ခိုးတက်ဖို့လုပ်တယ်၊သုံးရက်ရှိပြီ ကြိုးစားနေကြတာ။ကျွန်းပေါ်ကိုတော့မရောက်ဘူး။ ကမ်းစပ်မှာတော့ဒီကောင်တွေ ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်း ရင်းမြစ်က ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့မှာစစ်တပ်က စစ်သင်္ဘောသုံးစီးထက်မနည်းနဲ့ ကမ်းအနီးကပ်လာပြီး ကမ်းတက်ဖို့ ကြိုးစားခဲ့တာဖြစ်ကာ အဲဒီနေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဆယ်ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ နောက် စစ်တပ်က နောက်ရက်တွေမှာ နေ့ခင်းဘက်တွေ ကမ်းတက်ဖို့ မကြိုးစားတော့ဘဲ ညဘက်တွေမှာပဲ တက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
“နေ့ခင်းဘက်တွေကျရင် အနားတောင် မကပ်ဘူး။သင်္ဘောတွေလည်းပွိုင့်(စစ်တွေကမ်းခြေ)နားလောက်မှာပဲ ရှိ တယ်” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ငပြီကျွန်းပေါ် စစ်တပ်က ခြေကုတ်ယူထားတဲ့နေရာတခုမှ မရှိတော့ဘဲ ငပြီကျွန်းအနောက်ဘက်ကမ်းစပ် မှာတော့ နိုဝင်ဘာ ၃ ရက်နေ့က ကမ်းတက်နိုင်ခဲ့တဲ့ စစ်သား အချို့ရှိနေတယ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေ က ပြောပါတယ်။
“ငပြီကျွန်းကိုကတော့ဗုံးတွေနေ့တိုင်းချတယ်။ တရက်မှမပျက်ဘူး။ဒီနေ့လည်း တမနက်လုံး၊ နေ့ခင်းဖက်တော့ငြိမ်တယ်။ကမ်းစပ်မှာ တိုက်ပွဲပြင်းတယ်ထင်တယ်၊ စစ်သားအလောင်းတွေမျောလာတွေ ရှိတယ် ဒီဘက်ကမ်းကို၊ ယူ နီဖောင်းတွေနဲ့” လို့ ပေါက်တောမြို့နယ်မှဒေသခံတဦးက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)အပါအဝင် တပ်ရင်း၊ တပ်စခန်းတွေအားလုံး ဝန်းရံ၊ ပိတ်ဆို့ခံထားရတဲ့အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ စစ်တွေမြို့ ရွှေမင်းဂံရေ တပ်ရဲ့ အရှေ့ဘက် ကုလားတန်မြစ်လယ်ရှိ ငပြီကျွန်းပေါ်ကို ကြည်း၊ ရေ၊ လေ ပစ်ကူပေးပြီး အင်အားအလုံးအရင်းနဲ့ ကမ်းတက်ကာ စစ်သားဆယ်ချီ ကမ်းတက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ငပြီကျွန်းပေါ်မှာ AA နဲ့ စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပြီး စစ်တပ်က ငပြီကျွန်းနဲ့ အ ဆက်အသွယ်ပြတ်သွားချိန် ငပြီကျွန်းပေါ်ကို စစ်ကူ၊ ရိက္ခာပို့ဖို့ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တို့မှာ ထပ်မံ ကြိုးစားခဲ့ပေမယ့် ကမ်းထပ်တက်၊ အင်အားဖြည့်နိုင်တာမရှိဘဲ AA ကစစ်သင်္ဘောတစီးကို ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ AA ဟာ ငပြီကျွန်းပေါ်က စစ်တပ် ခြေကုတ်ယူထားတဲ့ နေရာအား လုံးကို အပြီးသတ်သိမ်းယူရှင်းလင်းခဲ့ပါတယ်။ အဲဒီလို သိမ်းပိုက်ခံရပြီးတဲ့နောက် နိုဝင်ဘာ ၃ ရက်နေ့မှာ စစ်တပ်ကတတိယအကြိမ် ထပ်မံကမ်းတက်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။
ငပြီကျွန်းတိုက်ပွဲအတွင်း စစ်တပ် ပထမအကြိမ်ကမ်းတက်စဥ်က စစ်သင်္ဘော ၁ စီး၊ ဒုတိယအကြိမ် ကမ်းတက် တုန်းက စစ်သင်္ဘော ၁ စီးနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ စစ်သင်္ဘော ၃ စီး၊ စုစုပေါင်း ၅ စီးထက်မနည်း AA ရဲ့ ပစ်ခတ်၊ ဖျက်ဆီခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင်စစ်သား ၁၀၀ ဝန်းကျင်သေဆုံးပြီး ၅၀ ဝန်းကျင် အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ AA သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက် ကိုလည်း ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်ဖို့ ကြိုးစားနေပါတယ်။
ပါဒလိတ်တပ်ရင်းကနေ အမြင့်ကျွန်းဘက်၊ ပါဒလိတ်တပ်ရင်းကနေ ငတောက်တက်၊ ဝါဘိုဘက်၊ ရွှေမင်းဂံရေတပ် စခန်းကနေ ခမောင်းတောဘက်တို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ကြိုးစားနေတာကြောင့် တိုက်ပွဲအပြင်း အထန်ဖြစ်နေကြတယ်လို့ သိရပါတယ်။
အဲဒီလို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့ စစ်တပ်ကို AA က ရွှေမင်းဂံရေတပ်စခန်းအနီး ဇော်မတက်၊ ခမောင်းတော၊ ရဲရိုးပြင်တို့ကနေ ဝန်းရံတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“သူ့ဘက်ကတိုး၊ ကိုယ့်ဘက်ကတိုးလုပ်နေတယ်။ ေ ွးတွေဘက်ကသေတာတွေ မနည်းဘူးရှိတယ်” လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တွေတိုက်ပွဲအတွင်း ဒဏ်ရာရသွားခဲ့တဲ့ စစ်သားတွေကို စစ်ဆေးရုံအပြင် စစ်တွေမြို့ရှိ ပြည့်သူဆေးရုံကြီးကိုပါ ပို့ဆောင်ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တွေဆေးရုံကြီးကိုတောင် ဒဏ်ရာရလာတဲ့စစ်သားတွေ အများကြီးရောက်နေတယ်။ တိုက်ပွဲမှာတော်တော်နာကြတယ်ပြောပါတယ်။ တိုက်ပွဲကတော့ နေရာတိုင်းမှာလို ဖြစ်နေတာ။ ရွှေမင်းဂံ၊ အမြင့်ကျွန်း၊ နာရီကန်ဘက်တွေ က သေနတ်သံတွေကြားတယ်။ လက်နက်ကြီးသံတွေကတော့ အဆက်မပြတ်ဘူး” လို့ စစ်တွေမြို့ခံတဦးက ပြောပါ တယ်။
AA ဟာ အမြင့်ကျွန်း၊ ဝါဘို၊ ခမောင်းတော၊ ရဲရိုးပြင်တို့ကနေ စစ်တပ်ထိုးစစ်ကို ခုခံတိုက်ခိုက်နေသလို စစ်တွေမြို့အနောက်ဘက် ရေချမ်းပြင်အနီးဝန်းကျင်က တပ်စခန်းတွေနဲ့ ဒကစ စစ်တွေအနီး နာရီကန်၊ တောကန်ဝန်းကျင် စစ် တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ကို အင်အားထောင်ချီသုံးပြီးတန်ပြန် ထိုးစစ်ဆင်ခဲ့ပေမယ့် နှစ်လရှိတဲ့တိုင် AA စခန်းတစ်ခုမှ သိမ်းနိုင်တာမရှိဘဲ စစ်ကြောင်းအားလုံး အထိနာ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။
၄၉၂၆ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့တဲ့ စစ်တပ်ရဲ့ ထိုးစစ်နှစ်လအတွင်း AAက စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခုကို သိမ်းပိုက်ခဲ့ပြီး စစ်တပ်သင်္ဘော ၅ စီးထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ နှစ်လကျော်ရှိ ပြီဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လကျော်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ် တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။





















































