Hi, what are you looking for?
ဝိယောဂီ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ညာနေရတာလောက် ကိုယ့်ကိုယ့်ကိုယ် ညှင်းဆဲမူမြောက်တာ မရှိဘူးကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေမိတာလောက်ကိုယ့်ကိုယ်ကိုယ် စော်ကားမူမြောက်တာမရှိဘူး။ သူတော်စင် တစ်ပါးလိုဥပုသ်တစ်ပါတ်ပြည့်အောင် သီးခံဖို့ကဆယ်ကမ္ဘာလောက် ငရဲမှာ လောင်ကြွမ်းရသလိုမင်းတို့ရဲ့အယူဝါဒစွဲတွေကပူလောင်လွန်းလှချည်လား။ ငါ့ ဝိတိုင်ကထွက်တဲ့ မီးခိုးဟာငရဲမီးမဟုတ်ဘူး စုန်းမီးငါဟာ လောင်ကြွမ်းနေတာမဟုတ်ဘူးလောင်မြိုက်နေတာငါဟာ ပူလောင်နေတာမဟုတ်ဘူးတောက်လောင်နေတာ။ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ပြန်ပြန်ပြုပြင်နေရလို့အချိန်မအားတဲ့ကောင်တွေကအရေးထဲဆို..သူများကိုသွားသွား ပြုပြင်ပေးနေရသေးတယ်။...
မောင်သုည (ရှပ်ပုံသားလေး) သွေးစိုစွတ်နေတဲ့ အသားစိမ်းတွေ၊ ထမင်းဆုပ်တွေ၊ ဖယောင်းတိုင်တွေ၊ ပန်းပွင့်တွေ၊ အရက်ပုလင်းတွေ ကျနော် မမြင်ပါရစေနဲ့။ မလှုပ်မယှက်အလောင်းနံဘေး ရင်ကွဲနာကျနေတဲ့ လူတယောက်ကို မြိန်ရည်ရှက်ရည် မာန်ဖီကြည့်နေတဲ့ နတ်ဆိုး ကျနော့်ကို သတ်လိုလျှင် သတ်ပါ၊ ကျနော် လွတ်လွတ်လပ်လပ်အသက်ထွက်ပါရစေ၊ ငြိမ်းချမ်းပါရစေ။ (၁) လေရူးများ...