Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်မှာ စစ်တပ်က စစ်ရှောင် ၇ဦး သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၇ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၇ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်မှာ စုံစင်ဖျားကျေးရွာအနီး စစ်ရှောင်တွေသတ်ဖြတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီး ဒေသ သတင်းရင်းမြစ်က အခုလို ပြောတာပါ။

စစ်ရှောင်ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ် ဝင်း၀တပ်စခန်းကို စစ်ကူလာတဲ့ ခလရ(၄၀၉)တပ်ရင်းတပ်က တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ အဲဒီ ပြည်သူတွေက ကျနော်တို့သိရတာက စစ်ရှောင်တွေဖြစ်တယ်။ စုံစင်ဖျားရွာအနီးတ၀ိုက်မှာ စစ်ရှောင်ရင်းနဲ့ စကစ စစ်ကြောင်းနဲ့ တိုးပြီးတော့ အဲဒီလိုမျိုးဖြစ်တာပေါ့။စကစ စစ်ကြောင်းကနေ အဲဒီအရပ်သား ပြည်သူ ၇ဦးကို တွေ့ရှိပြီးတော့ဖမ်းဆီးပြီးတော့ သတ်ဖြတ်တဲ့သဘောပေါ့” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသူ ၇ဦးမှာ အမျိုးသမီး ၅ဦး ပါဝင်ပြီး စစ်တပ်က ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ KNUက ထုတ်ပြန်ပါတယ်။

“သူတို့က အရပ်သား ပြည်သူတွေပဲဖြစ်တယ်။ ပြောရမယ်ဆို စကစ ရန်သူမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်တာတော့ မဖြစ်သင့်ဘူးလို့ထင်တယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သရင်းချောင်းမြို့နယ် ဝင်း၀တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်နေလို့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာ၊ စစ်ကြောင်းထိုး စစ်အင်အားဖြည့်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ရက်ကလည်း စစ်ကောင်စီဟာ စုံစင်ဖျားရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။