သတင်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Hi, what are you looking for?
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၁နာရီကျော်ခန့်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ ငါးဦးခန့်သေဆုံးပြီး ၉ဦးခန့်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီများအပြေးအလွှားနေရာယူရင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည် နင်းမိုင်းအတော်များများကိုနင်းမိ ခဲ့၍ စစ်ကောင်စီတပ်ဘက်မှ အထိနာလျက်ရှိသည်ဟု ဖော်ပြထားသည်။