Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့ တင်သွင်းမှုတွေကို အနောက်နိုင်ငံတွေ စတင်ပိတ်ပင်

ဥရောပ ကော်မရှင်ကလည်း ဥရောပ သမဂ္ဂရဲ့ ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူလိုမှုကို သုံးပုံ နှစ်ပုံလောက် လျှော့ချသွားမယ်လို့ သီးခြား ကြေညာပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး သုံးစွဲတဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းဟာ ရုရှားဆီက ဝယ်ယူထားတာပါ။

ယူကရိန်းအပေါ် ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှားကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတွေက ရုရှားရေနံ တင်သွင်းခွင့်တွေကို ပိတ်ပင်လိုက်ပါတယ်။

ဒါ့အပြင် ဥရောပ သမဂ္ဂကလည်း စွမ်းအင် ကဏ္ဍအတွက် ရုရှားရဲ့ ဓာတ်ငွေ့တွေကို မှီခိုပြီး တင်သွင်းနေရတဲ့ အခြေအနေကို လျှော့ချဖို့ စတင် စီစဉ်နေပါပြီ။ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဝယ်ယူမှုတွေကို ရပ်ဆိုင်းလိုက်ခြင်းဟာ ရုရှား စီးပွားရေးရဲ့ ပင်မ သွေးကြောကို ထိုးနှက်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။

ဥရောပ ကော်မရှင်ကလည်း ဥရောပ သမဂ္ဂရဲ့ ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူလိုမှုကို သုံးပုံ နှစ်ပုံလောက် လျှော့ချသွားမယ်လို့ သီးခြား ကြေညာပါတယ်။ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး သုံးစွဲတဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းဟာ ရုရှားဆီက ဝယ်ယူထားတာပါ။

ဒီလို အရေးယူ ပိတ်ဆို့မှုတွေဟာ ရုရှား အစိုးရကို စီးပွားရေးအရ အကြီးအကျယ် အထိနာသွားစေမှာ ဖြစ်ပေမယ့် အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေမှာလည်း လောင်စာဆီ စျေးနှုန်းတွေ မြင့်တက်လာဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ကမ္ဘာပေါ်မှာ ဆော်ဒီအာရေဘီးယားနဲ့ အမေရိကန်တို့ပြီးရင် ရေနံ ထုတ်လုပ်မှု တတိယ အများဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ စီးပွားရေးကလည်း စွမ်းအင် ကဏ္ဍအပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို ဖြတ်တောက် လျှော့ချမယ့် ဆုံးဖြတ်ချက်တွေကို မကြေညာခင်မှာ ရုရှား အစိုးရက တကယ်လို့ သူတို့ကို ထိခိုက်လာမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးမှာလည်း ကြီးမားတဲ့ ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်လာစေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် ဂျာမနီနဲ့ တခြား ဥရောပ နိုင်ငံတချို့ဆီ သွယ်တန်းထားတဲ့ ပင်မ ဓာတ်ငွေ့ ပိုက်လိုင်းကြီးကိုလည်း လုံးဝ ပိတ်ပစ်လိုက်မယ်လို့ ရုရှားက ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဘိုင်ဒန်က ရုရှားရဲ့ ရေနံ တင်ပို့မှုတွေကို ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ဟာ ပြည်တွင်းမှာလည်း ထိခိုက်မှုတွေ ရှိစေလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဗြိတိန် အစိုးရကလည်း ၂၀၂၂ အကုန်မှာ ရုရှားဆီက ရေနံ တင်သွင်းမှု အားလုံးကို ရပ်တန့်စေဖို့ထိ ရည်ရွယ်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။